မြေဆီလွှာကျန်းမာရေး
တီကောင်လေးတွေက ကျွန်တော်တို့ရဲ့မြေဆီလွှာကိုဘယ်လိုကူညီပေးနေလဲ ?
စိုက်ပျိုးရေးသမားတော်တော်များများက တီကောင်လေးတွေနဲ့ပတ်သက်ရင် သိပ်မသိကြပါဘူး။ ဒါကလဲ သူတို့က မြေကြီးထဲမှာအချိန်တော်တော်ကြာကြာနေလေ့ရှိကြပြီး ကြက်စာအဖြစ်လောက်ပဲ အသုံးပြုကြတဲ့အတွက် သတိမမူမိကြတာ မဆန်းပါဘူး။ ဒါပေမဲ့ တီကောင်လေးတွေဟာ ကြက်စာဆိုတာထက်ပိုပါတယ်။ သူတို့က သဘာဝတရားကပေးထားတဲ့စိုက်ပျိုးရေးသမားတွေပါပဲ။ တီကောင်လေးတွေဟာ မြေဆီလွှာထဲမှာ သွားလာလှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါတွေကအပင်တွေ နဲ့မြေကြီးအတွက်ကို အကျိုးကျေးဇူးများစွာဖြစ်စေပါတယ်။ သုတေသန ပြုလုပ်ချက်တွေအရ သူတို့ကမြေကြီးကိုအာဟာရဖြစ်ေ စတယ် ၊ ရေစီးဆင်းမှုကို မြန်ဆန်စေပြီးတော့ မြေဆီလွှာဖွဲ့စည်းမှုကိုပိုပြီးတောင့်တင်းခိုင်မာစေတယ်။ ဒါ့အပြင် တီကောင်လေးတွေဟာ အပင်ရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အမြစ်သေတွေ၊ အရွက်တွေ ၊ မြက်တွေ နဲ့နောက်ချေး၊ကြက်ချေးစတာတွေကို စားသုံးရတာကိုနှစ်သက်ကြပါတယ်။ သူတို့ကဒီအရာတွေကိုစားသုံးချေဖျက်လိုက်တဲ့ အခါကြရင် ဒီစွန့်ပစ်ပစ္စည်းတွေထဲမှာရှိတဲ့ နိုက်ထရိုဂျင် ၊ ဖော့စ်ဖောရပ်စ်စတဲ့အာဟာရဓာတ်တွေဟာ Read more…