ပိုးမွှားရှင်းလင်းခြင်း
အဖော်အပင်လေးတွေ စိုက်ပြီး ပိုးမွှားထိန်းချုပ်ကြမယ်
သဘာဝအတိုင်းစိုက်မဲ့ စိုက်ပျိုးရေးသမားတွေ ပထမဆုံးလုပ်ရမှာကတော့ ကောက်ပဲသီးနှံတွေကို လူလုပ် ဓာတုပိုးသတ်ဆေးတွေမသုံးပဲ ဘယ်လို စိုက်ပျိုးမလဲဆိုတာပါပဲ။ ဒီပိုးသတ်ဆေးတွေက လူသားတွေအတွက် အန္တရာယ်ရှိတဲ့ အပြင် အရမ်းလဲဈေးမြင့်ပါတယ်။ စိုက်ပျိုးရေးသမားတွေနဲ့သိပ္ပံပညာရှင်တွေကတော့ ဆယ်စုနှစ်ပေါင်းများစွာ အစားထိုးနည်းလမ်းတွေကို ရှာဖွေနေကြဆဲဖြစ်ပြီး အခုနောက်ဆုံးဖြစ်နိုင်ချေရှိတာကတော့“အဖော် အပင်လေးတွေ’’ ကိုစိုက်ပျိုးတဲ့နည်းပါပဲ။ အဖော်အပင်လေးတွေဆိုတာ ဘယ်လိုအပင်လေးတွေဆိုတော့ အဖျက်ပိုးတွေကိုရှင်းထုတ်ပေးရုံသာမကပဲ ပင့်ကူလေးတွေနဲ့လေဒီဘတ်ကောင်လေးတွေအတွက် မှီတင်းနေထိုင် ရာလည်းဖြစ်တဲ့ စူးရှတဲ့ အနံ့တွေရှိတဲ့ ချုံပင်တွေ ၊ ဆေးဖက်နွယ်ဝင်အပင်တွေ ၊ သစ်ပင်တွေ နဲ့အခြားအသီးအရွက်တွေပါပဲ။ ကိုယ်စိုက်မဲ့ သီးနှံပင်တွေနဲ့ဒီလိုအပင်လေးတွေကို တွဲဖက်ပြီးစိုက်ပျိုးမယ်ဆိုရင်တော့ ကိုယ့်ရဲ ့စိုက်ခင်းလေးမှာ ဇီဝမျိုးကွဲတွေပေါင်းဆုံရာနေရာလေးဖြစ်သွားပြီး သဘာဝပတ်ဝန်းကျင်ကို မျှတစေမှာပါ။ မကြာသေးခင်က ထိုင်းနိုင်ငံက မဲဟောင်ဆောင် (Mae Hong Sorn) အရပ်က ဆန်စပါးစိုက်ပျိုးသူတွေက Read more…