Moldy watercress gazunywet

အဖြေရှာခြင်း

ကျွန်တော်တို့တွေ စိုက်ခင်းမှာ ရှောင်လွှဲလို့မရဆုံးအရာကတော့ အခက်အခဲ ပြဿနာတွေပါပဲ။ ကိုင်တွယ်ဖြေရှင်းရလဲခက်သလို တစ်ခါတစ်လေ စိတ်ညစ်ညူးဖို လည်းကောင်းပါတယ်။  ကဲ..ဒီတော့  ထွက်ပြေးလို့မရမဲ့ တူတူတော့ အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြရတော့မှာပေါ့။ နံပါတ် တစ် အနေနဲ့ကတော့ ပြဿနာ ကဘာတွေလဲဆိုတာ ရှာဖွေရပါမယ်။ ပြဿနာ ကိုဖန်တီးနေတဲ့ အကြောင်းအရင်းတွေ အားလုံးကို ချရေး လိုက်ပါ။ နံပါတ် နှစ် အနေ နဲ့ကတော့ အဲ့ဒီ့အရာတွေထဲကမှပြဿနာကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေရမှာပါ။ နောက်ဆုံး အနေ နဲ့ ပြဿနာရင်းမြစ်ကို ဖန်တီးစေတဲ့ အရာအတွက် အဖြေထုတ်ရမှာပါ။ အဓိက အခက်အခဲ မပြေလည်မချင်း နည်းလမ်းပေါင်းစုံ နဲ့ဖြေရှင်းရမှာပါ။ ဘယ်အရာက ပြဿနာကို ဖန်တီးနေလဲဆိုတာမသိပဲနဲ့ပြဿနာကို ကိုင်တွယ် Read more…

Monsoon season vegetables

ရန်ကုန်မြို့ရဲ ့ခါဝသန် မိုးရာသီ

ရန်ကုန် မြို ့လေးမှာ မိုးဝင်တာသိပ်မကြာသေးပေမဲ့ ကျွန်တော်တို့ရဲ့စိုက်ခင်းလေးမှာတော့ ကြီးမားတဲ့ အပြောင်းအလဲအချို ့ပေါ်ပေါက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ ့ဘိုစားကိုက်လံပင် (ဂေါ်ဖီနွယ်ဝင် အပင်တစ်မျိုး) ၊ အီတလီ ပင်စိမ်းပင်များ နဲ့ Thyme ပင်လေးတွေဟာ အမြစ်ပိုးကိုက်ခြင်း နဲ့အပင်ပိုးစွဲတာတွေကြောင့် သေဆုံးလုနီးနီး ဖြစ်နေပါတယ်။              ဘာဖြစ်လို့လဲ ဆိုတော့ဒီအပင်လေးတွေဟာ ဆောင်းရာသီတွင်းမှာ မဆိုစလောက်သာ မိုးရွာတတ်တဲ့ ခြောက်သွေ့အေးစက်တဲ့ မြေထဲပင်လယ် ဒေသတွင်းကနေ လာခဲ့ကြလို့ပါပဲ။    လေဒဏ် မိုးဒဏ် နဲ့စိုစွတ်ခြင်း ကို သိပ်ပြီး ခံနိုင်ရည်မရှိတာကြောင့် ရန်ကုန်မှာဆိုရင်တော့ မိုးအကုန် ဆောင်းအဝင်ဖြစ်တဲ့ အောက်တိုဘာလ ကနေ မေလအထိပဲ Read more…

Curly kale love fertile loamy soil

ကိုယ့် အပင်လေးတွေက ဘယ်လို မြေဆီလွှာကို နှစ်သက်သလဲ ?

အရသာ ထူးကဲတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ကိုယ့်အပင်လေးတွေ ဘယ်လိုမြေဆီလွှာကို နှစ်သက်လဲဆိုတာ ကိုသိဖို့ ပဓာနအကျဆုံးပါပဲ။ မြေသားရဲ့ဖွဲ့စည်းပုံက ကိုယ့်အပင်လေးတွေရဲ့အမြစ်တွေကြီးထွားနိုင်စွမ်း၊ရေစုပ်ယူနိုင်စွမ်းနဲ့ဘယ်လိုအာဟာရဓာတ်တွေရမလဲဆိုတဲ့ အပေါ် သက်ရောက်မှုရှိပါတယ်။ မိတ်ဆွေတို့အတွက် အလုပ်ဖြစ်စေမဲ့ အကြံကောင်းတစ်ခုကတော့ ကိုယ့်အပင်လေးတွေ ဘယ်လို ရာသီမှာ ကောင်းစွာ ရှင်သန်လေ့ရှိကြလဲဆိုတာကို သိနေဖို့ပါပဲ။ အပင်တိုင်းမှာ သူတို့ရဲ့လိုအင် ၊ လိုအပ်ချက် ကိုယ်စီရှိကြတဲ့ အတွက် စိုက်ပျိုးမဲ့သူဟာ မှန်ကန်တဲ့အနေအထားကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။   ဥပမာ – စပါး (rice) ၊ ကန်စွန်းရွက် (watercress) နဲ့မြင်းခွာရွက် (pennywort) တို့ဟာ ရန်ကုန်နဲ့အခြားစိုက်ပျိုးရေးဒေသတွေမှာ ရှိတဲ့ စိုစွတ်တဲ့ ၊ သိပ်သည်းတဲ့ ရာသီဥတုကို နှစ်သက်ကြပါတယ်။ သူတို့ဟာ ရေတစ်ပိုင်းနေတဲ့ Read more…

Dinosaur kale happy

အပင်လေးများလည်း နှလုံးသားနဲ့ပါ

အပင်တစ်ပင်ကို လူသားတစ်ယောက်လို့ ခဏလောက်တွေးကြည့်လိုက်ပါ။ သူတို့လေးတွေဟာလည်း လူသားတွေလိုပဲရေ၊နေရောင်ခြည်၊အာဟာရစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ချစ်ခြင်း၊ ဂရုစိုက်မှုနဲ့သူ့အပေါ်အညစ်အကြေးလာစွန့်မဲ့ခွေးရန်က ကာကွယ်ပေးတာမျိုး  တွေ အလိုရှိကြပါတယ်။ သူတို့အတွက် လုံလောက်တဲ့အစာအာဟာရ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ရေစတာတွေကို ရတဲ့အခါ ပျော်ရွှင်ကျန်းမာစွာသီးပွင့်ကြတယ်။ နောက်ပြီး သူတို့အနီးအနားက အဖော်တွေဖြစ်တဲ့ အခြားသစ်ပင်တွေသီးနှံပင်တွေ နဲ့ မှိုပင်လေးတွေနဲ့အတူ အမြစ်ကနေ အစာအာဟာရတွေ မျှဝေစားသုံးရတာကိုလည်း နှစ်သက်ကြပါတယ်။  အို..နောက်ပြီးတော့ နေရောင်ခြည်လည်းလိုအပ်ပါသေးတယ်။ နေရောင်ခြည်ဆိုတာက အပင်တွေအတွက် သဘာဝကပေးတဲ့ အကောင်းဆုံး အားဖြည့်အချိုရည်ပါပဲ။  တစ်နေကုန် အလုပ်ပန်းလာတဲ့လူတွေ အိမ်ပြန်ရောက်တဲ့ခါ ထိုင်ခုံပေါ်မှာ ခြေကုန်လက်ပန်းကျ ပျော့ခွေသွားရသလို အပင်လေးတွေလည်း အစာပြတ်တဲ့အခါ ဝမ်းနည်း အားပျက်ပြီး အရွက်တွေညှိုးကာ အောက်ကိုကိုင်းညွှန့်လာပါတယ်။ လူတွေလိုပဲ ဖိစီးမှုများလေလေ အရွက်တွေ ညှိုးလေလေဖြစ်ပြီး ကြွေကုန်ကြပါတယ်။ တစ်ခါတလေမှာ Read more…

Healthy living soil

အသက်ဝင်ရှင်သန်နေတဲ့ မြေဆီလွှာ

စိုက်ခင်းတစ်ခု ဖြစ်ဖို့ဆိုရင် စိုစွတ် ရှင်သန်နေပြီး စိုက်ပျိုးလို့ရတဲ့ (မျိုးအောင်တဲ့) မြေဆီလွှာ တစ်ခုရှိဖို့အရေးကြီးဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အပင်တွေဟာ သူတို့အတွက် လိုအပ်တဲ့ ရေ နဲ့အခြားသော အာဟာရဓာတ် တွေကို မြေကြီးထဲမှာတွယ်ကုပ်ထားတဲ့ သူတို့ရဲ့အမြစ်တွေကနေ တစ်ဆင့် စုပ်ယူကြလို့ပါပဲ။            မြေဆီလွှာကောင်းတစ်ခုဆိုတာ သန်းပေါင်းများစွာသော ပိုးမွှားလေးတွေ ၊ တီကောင်လေးတွေ ၊ မှိုပင်တွေ ၊ ဘက်တီးရီးယား ပိုးလေးတွေ ၊ နီမာတုတ်ကောင်လေးတွေနဲ့မြေကြီးထဲမှာပဲ ရှင်သန်ကျက်စားပြီး သေဆုံးကြတဲ့ အခြားသတ္တဝါပေါင်းများစွာရဲ ့နေထိုင်ရာ အိမ်ကြီး ဖြစ်ပါတယ်။ အမြစ်တွေ အနီးတစ်ဝိုက်မှာ သူတို့လေးတွေရဲ့်သွားလာလှုပ်ရှားမှုက အပင်တွေစုပ်ယူဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မြေတွင်းသတ္တုဓာတ်တွေ နဲ့ အာဟာရဓာတ်တွေကို ဖြိုခွဲပေးပါတယ်။            မြေသားက အသက်ဝင်လေလေ Read more…

Rice husk mulch

ကျန်းမာ သန်စွမ်းတဲ့ မြေဆီလွှာတစ်ခု ဖန်တီးကြရာဝယ်

ကျွန်တော်တို့လို ဓာတ်မြေသြဇာ မသုံး အော်ဂဲနစ် ယာသမားတွေအတွက်ကတော့ စိုက်ပျိုးမြေ ဖြစ်တဲ့ မြေဆီလွှာ ကျန်းမာဖို့ကို ပဓာန ထားပါတယ်။ တကယ်တော့ မြေဆီလွှာဆိုတာ သန်းပေါင်းများစွာသော တီကောင်လေးတွေ ၊ ပိုးမွှားလေးတွေ နဲ့ မှိုပင်လေးတွေစတဲ့ စာဖိုမှူးလေးတွေက ကျွန်တော်တို့အပင်လေးတွေအတွက် အစာချက်ပေးတဲ့ လျို ့ဝှက်စားဖိုကြီး တစ်ခုလိုပါပဲ။        မြေဆီလွှာ ကောင်းတစ်ခုလိုချင်ရင်တော့ မြေဆီလွှာကိုတတ်နိုင်သမျှ စိုစွတ်နေအောင် ထားပေးရပါမယ်။ရေတွေအိုင်နေလောက်အောင်တော့ မဟုတ်ဖူးပေါ့။ဘာကြောင့်လဲဆိုတော့ ဒီမြေသားကိုရှင်သန်နေစေတဲ့ ပိုးမွှားလေးတွေက စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့ကြတယ်လေ။ ကျွန်တော်တို့ရဲ ့စိုက်ခင်းမှာ ဒါကိုဘယ်လိုလုပ်လဲဆိုရင်တော့ သစ်ရွက်ခြောက်တွေ၊စပါးနှံတွေနဲ့ စပါးခွံ စတာလေးတွေကို စိုက်ခင်းမြေပေါ်မှာ ရောထားလေ့ရှိတယ်။ ဒီလိုဆိုတော့ မြေသားရဲ ့စွတ်စိုမှုက အလွယ်တကူ အငွေ့ပျံမသွားတော့ဘူးပေါ့။ Read more…

What does it take to be a farmer?

စိုက်ပျိုးရေးသမားတစ်ဦးဖြစ်ဖို့ဆိုတာ?

အလွယ် ကြည့်မယ်ဆိုရင်တော့ လယ်ယာစိုက်ပျိုးရေးကပေးတဲ့ မြင့်မားတဲ့ စိတ်ခံစားမှု က ကျေနပ်ဖို့ကောင်းပါတယ်။ ကိုယ်နဲ့ကိုယ့် အသိုင်းအဝိုင်းအတွက် အစားအစာ စိုက်ပျိုး ရလို့ဖြစ်လာတဲ့ပီတိ။ သဘာဝနှင့် တစ်သားထဲ လို့ခံစားရစေတဲ့ စိတ်ချမ်းသာမှု ။ ကိုယ်စားမဲ့ အစားအသောက် အပေါ်မှာ တစ်နည်းနည်းနဲ့လွှမ်းမိုးချုပ်ကိုင်နိုင်မှုရှိနေတာ။            အချိန်တော်တေ်ာကြာ မနက် ၉နာရီ ကနေ ညနေ၅နာရီထိ ရုံးခန်းထဲမှာပဲ အချိန်ကုန်လေ့ရှိခဲ့ကြတဲ့ ကျွန်တော်တို့တွေ နဲ့ကျွန်တော်တို့အနားကလူတွေမှာ သဘာဝနှင့်ပတ်သက်ပြီး ဒီလို ခံစားမှု အသိအမြင်တွေ ရှိရောရှိကြရဲ့လားလို့ တခါတလေတွေးမိတယ်။ နေ့တဓူဝ ခေါက်ရိုးကျိုး အလုပ်တွေကနေ ထွက်ပြေးချင်လွန်းလို့သာ စိုက်ပျိုးရေးလုပ်မိတာ ၊  စိုက်ပျိုးရေးသမားတွေ ရဲ့ကြံ့ကြံ့ခံရှင်သန်နိုင်စွမ်းကို သတိမထားမိခဲ့ဘူး။ လယ်ယာအလုပ်ဆိုတာ အနီးကပ်လေ့လာမယ်ဆိုရင် နည်းစနစ်မှန်ဖို့၊ ဇွဲရှိဖို့ Read more…

Farm Layout

ကျွန်တော်တို့ရဲ့ Blog လေး

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က  ကျွန်တော်တို့ရဲ့ စိုက်ခင်းလေးကို စဖွင့်ခဲ့တဲ့ အချိန်မှာ ဘယ်ထိ ခရီးပေါက်မယ်ဆိုတာ မသိခဲ့ဘူး။ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေ က အင်မတန်လတ်ဆတ်ပြီး အရသာရှိတာ သိပေမဲ့ စားဖို့တော့ ဘာမှမစိုက်ခဲ့ဖူးဘူး။ စိုက်ပျိုးရေးမလုပ်ခင်ကတော့ စိတ်ထဲမှာစိုက်ပျိုးရေး နဲ့ပတ်သက်တဲ့ အသိအမြင် ရယ် ၊ ထက်သန်တဲ့ ဇွဲရယ် ၊ လုံ့လ ၊ မတည်မှုငွေကြေးနည်းနည်းရှိရင် ရန်ကုန်မှာ စိုက်ခင်းတစ်ခုလောက် လုပ်နိုင်မယ် အမြတ်ငွေတွေပါရနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးတွေက တော်တော်နုံနဲ့ပြီး ရိုးစင်းတာ သိပ်မကြာဘူး သိခဲ့ရပါတယ်။ စိုက်ခင်းစပြီး  ၃လလောက်ကြာတော့ မိုးတွင်းမှာကျတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ကျွန်ုပ်တို့ ရဲ့ အီတလီပင်စိမ်းပင်လေးတွေ ၁၀၀လောက်သေသွားခဲ့တယ်။ သိပ်မကြာဘူး ကျွန်တော်တို့ရဲ့ Read more…