ပိုးမွှားရှင်းလင်းခြင်း
“ရန်သူအဖျက်ပိုးတွေ အကြောင်းသိကြဖို့”
ကွဲပြားတဲ့အဖျက်ပိုးတွေကကိုယ့်ရဲ့သီးပင်စားပင်တွေကိုဘယ်လိုဖျက်ဆီးနိုင်လဲဆိုတာသိထားရင် ကိုယ့်ရဲ့အပင်ပြဿနာတွေကိုစောစောစီးစီးဖြေရှင်းနိုင်မှာပါ။အများဆုံးတွေ့ရတဲ့အဖျက်ပိုးနှစ်မျိုးကတော့အပင်ရဲ့အရည်တွေကိုခမ်းခြောက်သွားအောင်စုပ်ယူပစ်တဲ့ပိုးတွေနဲ့အရွက်တွေနဲ့ပင်စည်တွေကို ကိုက်ဖြတ်စားသောက်တတ်တဲ့ အဖျက်ပိုးတွေပဲဖြစ်ပါတယ်။ အရည်တွေကိုစုပ်ယူပစ်တဲ့ အဖျက်ပိုးတွေမှာဆိုရင် ငှက်နှုတ်သီးလိုမျိုး ကိုက်ဖြတ်စားသောက်နိုင်တဲ့ ပါးစပ်မျိုးရှိပြီးတော့ အပင်ရဲ့အပေါ်ယံအလွှာကိုထိုးဖောက်ပြီး အရည်တွေခမ်းအောင်စုပ်ယူပစ်ပါတယ်။ အဲ့ဒီလိုစုပ်ယူနေတဲ့အချိန်အတွင်းမှာပဲ တချို့အဖျက်ပိုးတွေက သူတို့စားသုံးနေတဲ့ အပင်တွေဆီကို အခြားအပင်ကရောဂါပိုးတွေသယ်ဆောင်ဖြန့်ဖြူးပစ်ပါတယ်။ ဖြုတ်စိမ်းကောင်(Aphids)၊ လှေးပိုး (Thrips) ၊ Whitefly လို့ခေါ်တဲ့ ပိုးကောင်အသေးစားတစ်မျိုး ၊ Leaf Hopper ဆိုတဲ့ဖြုတ်စိမ်းတစ်မျိုး စတဲ့အဖျက်ပိုးကောင်တွေဟာဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ဒီလိုအဖျက်ပိုးတွေတိုက်ခိုက်ခံရတဲ့အပင်တွေဟာ များသောအားဖြင့် ကောက်ကွေး၊တွန့်လိမ်ပြီးအဝါရောင် ဒါမှမဟုတ် မီးခိုးရောင်နဲ့အညိုရောင်အပျောက်တွေရှိတဲ့ အဖြူဖျော့ရောင်အရွက်တွေဖြစ်သွားပါတယ်။ ပိုးကိုက်ခံရတဲ့အပင်တွေကတော့ အဖျက်ပိုးတွေဆီကရရှိတဲ့ ဒဏ်ရာအနာတရတွေကြောင့် များသောအားဖြင့်သေဆုံးသွားလေ့ရှိကြပါတယ်။ ဒီအမျိုးအစားထဲမှာပါတဲ့ အဖျက်ပိုးလေးတွေကတော့ များသောအားဖြင့် အရွယ်သေးလွန်းပြီး အရွယ်ရောက်ပြီးအဆင့်၊သားလောင်းအဆင့် နဲ့ပိုးဥအဆင့် စတဲ့အဆင့်တွေနဲ့ဖြန့်ကျက်နေထိုင်ကြပါတယ်။ သစ်ရွက်တွေ၊ပင်စည်တွေ၊အမြစ်တွေနဲ့အသီးတွေကိုစားသုံးလေ့ရှိတဲ့ အဖျက်ပိုးလေးတွေကတော့ ဘောက်ဖတ်ပိုးလေးတွေ၊ တီကောင်လေးတွေ ၊ နွားချေးပိုးထိုးကောင်လေးတွေ Read more…