Compost as fertiliser

ကိုယ်သုံးမဲ့အာဟာရတွေက အော်ဂဲနစ်ဖြစ်မဖြစ်ဆိုတာအရေးပါလား?

သေချာပေါက် အရေးပါတာပေါ့။ အော်ဂဲနစ် နဲ့လူလုပ်ဓာတ်မြေသြဇာတွေက အပင်လေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေကို နည်းမျိုးစုံနဲ့အထောက်အကူပေးနေပါတယ်။ အော်ဂဲနစ် ဓာတ်မြေသြဇာတွေ (အများအားဖြင့် နောက်ချေး ဒါမှမဟုတ် ကြက်ချေး ၊ မြေဆွေး ၊ နိုက်ထရိုဂျင်ကိုထိန်းချုပ်ပေးတဲ့ပဲတွေ(nitrogen-fixing legumes)တွေ ဟာ အပင်လေးတွေဆီကို လအပိုင်းအခြားတစ်ခု ဒါမှမဟုတ် နှစ်ပေါင်းများစွာတိုင်အောင် အာဟာရတွေကိုဖြန့်ဝေပါတယ်။  သူတို့ဟာမြေဆီလွှာအတွက် အော်ဂဲနစ်အာဟာရတွေကို ဖြည့်ဆည်းပေးတဲ့အပြင် မြေဆီလွှာတိုက်စားခံရမှုမှကာကွယ်ပေးပြီး  မြေကြီးထဲကပိုးမွှားလေးတွေကြီးထွားဖို့ အတွက် ကူညီပေးပါတယ်။ ဒီမြေဆီလွှာပိုးမွှားလေးတွေကတော့ နောက်ချေးနဲ့မြေဆွေးဆီကအာဟာရတွေကို အပင်တွေစုပ်ယူနိုင်မဲ့ အာဟာရဓာတ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ မြေဆွေးလိုမျိုး သဘာဝအော်ဂဲနစ်မြေသြဇာတွေ အသုံးပြုလိုက်မယ်ဆိုရင်တော့ အခြားဘာဓာတ်မြေသြဇာမှ ထပ်ပေါင်းထည့်ဖို့မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ကိုယ့်အပင်လေးတွေလိုအပ်တဲ့ အဓိကအာဟာရ တော်တော်များများ ပါဝင်နေလို့ပါပဲ။ အာဟာရတွေကို အလွန်လျင်မြန်စွာ လွှတ်ထုတ်ပေးတတ်တဲ့ Read more…

Sunn hemp produces nitrogen for the soil

ဆိုဒီယမ် ဖော့စ်ဖောရပ်စ် နဲ့ပိုတက်ဆီယမ်ဆိုတာ

စိုက်ပျိုးရေးလုပ်တဲ့ ဘယ်သူမဆို နိုက်ထရိုဂျင် (N)၊ ဖော့စ်ဖောရပ်စ် (P) နဲ့ပိုတက်ဆီယမ် (K) စတဲ့နာမည်တွေနဲ့ရင်းနှီးမှာပါ။ ဒီ(၃)မျိုးကတော့ အပင်တွေအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ထဲမှာ နာမည်အကြီးဆုံးဖြစ်ပြီးတော့ ဒီဓာတ်သုံးမျိုးကို အော်ဂဲနစ်ဓာတ်မြေသြဇာရယ် လူလုပ်ဓာတ်မြေသြဇာရယ်ဆိုပြီး ပုံစံနှစ်မျိုးနဲ့တွေ့နိုင်ပါတယ်။ နိုက်ထရိုဂျင်ဟာ အပင်တွေကို သူတို့ရဲ့သစ်ရွက် ၊ ပင်စည်တွေနဲ့အကိုင်းအခက်တွေအတွက် တစ်သျှူးအသစ်တွေတည်ဆောက်ဖို့လိုအပ်တဲ့ ပရိုတိန်းတွေထုတ်လုပ်နိုင်ရန် ကူညီပေးပါတယ်။    အပင်တွေရဲ့သဘာဝကိုက နိုက်ထရိုဂျင်နဲ့ပတ်သက်ပြီး လောဘကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုက်ထရိုဂျင်ဟာ သဘာဝမှာရှားပါးတဲ့ရင်းမြစ်တစ်ခုဖြစ်တဲ့အတွက် အပင်တွေဟာ နိုက်ထရိုဂျင်ကို ရတဲ့အချိန်မှာအကုန် စုပ်ယူပစ်ကြပါတယ်။အဲ့ဒီလို နိုက်ထရိုဂျင်ကို အလွန်အမင်းစုပ်ယူကြတဲ့အခါမှာ  အပင်ကနေ သစ်ရွက်တွေချည်းပဲ ထွက်လာမှာဖြစ်ပြီး ဘယ်လို အသီးအပွင့်မှ ဖူးပွင့်လာမှာမဟုတ်ပါဘူး။ နိုက်ထရိုဂျင်ဓာတ်တွေပဲအရမ်းများလွန်းရင်လည်း အခြားအာဟာရတွေကို မစုပ်ယူရတဲ့အတွက် အပင်တွေဟာ အားနည်းပြီးချိကုန်ကြပါတယ်။ Read more…