Field of chilis

ငရုတ်သီးတွေနဲ့ငှက်တွေ

ကျွန်တော်တို့ရဲ့စိုက်ခင်းလေးမှာ ငရုတ်သီးပင်လေးတွေလည်း စိုက်ဖြစ်ပြီးတော့သိပ်မကြာသေးခင်ကပဲ ငှက်လေးတွေက ကျွန်တော်တို့ရဲ့ငရုတ်နီပင်လေးတွေကိုစားနေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။ အံ့သြဖို့ကောင်းစွာပဲ ကျွန်တော်တို့သုတေသနလုပ်ကြည့်တဲ့အခါမှာ ဘာကိုတွေ့ခဲ့ရလဲဆိုတော့ ငှက်လေးတွေဟာ ငရုတ်သီးရဲ့ပူစပ်ပူလောင် အရသာကို ခံစားထိတွေ့နိုင်မှုမရှိပါဘူး။ တချို့သိပ္ပံပညာရှင်တွေကဘာပြောလဲဆိုတော့ ငှက်တွေမှာ အရသာခံဖုလေးတွေက မရှိသလောက် နည်းတာကြောင့် ငရုတ်သီးတွေထဲမှာပါတဲ့ ပူစပ်ပူလောင် ဖြစ်စေတဲ့ “ကပ်ပ်ဆိုက်ဆင်န်” ဆိုတဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးကို အရသာခံနိုင်စွမ်းမရှိပါဘူးတဲ့။ ပြီးတော့ ငှက်လေးတွေဟာ ငရုတ်သီးစားရတာကို နှစ်သက်တာမို့လို့သူတို့ဟာ ငရုတ်မျိုးစေ့တွေကို အဓိကဖြန့်ဖြူးပေးသူတွေဖြစ်ပါတယ်။ ငရုတ်ပင်လေးတွေဟာ ဉာဏ်လည်းအတော်ကောင်းပုံပါပဲ။ သူတို့အစေ့ကို ဖြန့်ဖြူးပေးမဲ့ ငှက်တွေအတွက်ကြတော့ သူ့အရသာကိုအဆင်ပြေအောင် လုပ်ထားပြီး နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ကြွက်တွေ နွားတွေ နဲ့ကျွန်တော်တို့လူသားတွေကိုတော့ နာကျင်ပူလောင်စေပါတယ်။ (Translated by Shweyi)

Mixed Gazunmyo herbs

စုံလင်အောင်ထား ထွက်ကုန်များ

ရာသီဥတု အပြောင်းအလဲရယ် ခန့်မှန်းလို့မရတဲ့ စားသုံးသူတွေရ ဲ့ဝယ်လိုအားရယ်ကြောင့် စိုက်ပျိုးရေးသမားတွေက သူတို့ရဲ ့စိုက်ပျိုးကုန်တွေကို စုံလင်အောင် လုပ်ထားသင့်ပါတယ်။ မုန်တိုင်းတွေ ၊ လေပြင်းတွေ ၊ ပြင်းထန်တဲ့ အပူချိန်စတာတွေဟာ အပင်တွေကို ရောဂါအများအပြားဖြစ်စေပြီး အနာဂတ်မှာ ပိုးကျစေနိုင်ပါတယ်။ COVID-19 လိုမျိုး ကပ်ရောဂါဆိုးတွေကျရောက်တဲ့အချိန်ဟာ လူတွေကို အိမ်မှာ ပိုနေဖြစ်စေပြီးတော့  အချိန်တော်တော်ကြာကြာခံတဲ့ ပဲနီလေးနဲ့ကြက်သွန်စတာတွေကို ပိုပြီး စုဆောင်းဖြစ်စေပါတယ်။ ဟင်းသီးဟင်းရွက်တစ်မျိုးထဲစိုက်မယ်ဆိုရင် ဒီလိုထင်မှတ်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါကြတော့ အခက်အခဲတွေပိုပြီးရင်ဆိုင်ရပါတယ်။ မိတ်ဆွေရဲ ့စိုက်ခင်းက ကန်စွန်းရွက် တစ်မျိုးထဲစိုက်တယ်ဆိုပေမဲ့ ဈေးတွေပိတ်ထားခံရတဲ့အခါမှာ ဘယ်ဈေးသည် ဘယ်ဒိုင်ကမှ ကိုယ့်ရဲ့ဟင်းသီးဟင်းရွက်တွေကို ဝယ်ချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးမက စုံလင်အောင်စိုက်ထားတဲ့အခါမှာ ဖောက်သည် မျိုးစုံဆီကိုရောင်းလို့အဆင်ပြေပြီးတော့ အရောင်းအဝယ်တွေလဲ Read more…

Farm conditions

အပင်တွေ ပိုးကျခြင်းရဲ့နောက်ကွယ်

သဘာဝဂေဟစနစ်ဆိုတာဟာ ရှုပ်ထွေးကျယ်ပြောတဲ့ကမ္ဘာကြီး တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်လယ်ယာတွေကိုဖျက်ဆီးနိုင်မယ့် ပိုးမွှားအန္တရာယ်လောက်ကိုသာ အလေးပေးဖြေရှင်းနေကြချိန် ဒီဂေဟစနစ်ကမ္ဘာမှာ ကိုယ်သတိမထားမိတဲ့ ပိုးမွှားတွေနဲ့သက်ရှိပေါင်းများစွာ ရှိသေးတယ်ဆိုတာကိုမေ့လျော့နေကြပါတယ်။ ပုံမှန်ဆိုရင် စိုက်ခင်းတွေပိုးကိုက်ပြီဆိုတာနဲ့လယ်သမားအများစုဟာ ပိုးသတ်ဆေး ပေါင်းသတ်ဆေး တို့ဖြန်းတာလောက်ပဲ အလွယ်လုပ်ကြတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင်မှာကိုယ့်ကိုယ်ကိုအပင်လေးတစ်ပင်လို့ တွေးကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ အပင်တွေဆိုတာဟာလည်း  ကျွန်တော်တို့လူသားတွေလို သက်ရှိမျိုးစိတ်တွေပါပဲ။ လူတွေလိုပဲ သူတို့မှာ ကိုယ်တွင်း ခုခံနိုင်ရည်စွမ်းအား ဆိုတာမျိုးရှိပါတယ်။ လူတွေပင်ပန်းအားနည်းတဲ့အခါ ဘာလို့အလွယ်တကူဖျားနာကြလဲဆိုတော့ ကိုယ်ခံအားတွေ နည်းကုန်လို့ပါ။  အပင်လေးတွေလည်း ဒီလိုပါပဲ။ ကျန်းမာနေတဲ့အပင်တွေကပဲ သူတို့ရဲ့ကောင်းမွန်တဲ့ ကိုယ်ခံအားကြောင့် ပိုးမွှားတွေကို ပြန်လည်တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ပိုးမွှားတွေကလည်း အားနည်းတဲ့အပင်တွေကိုပိုပြီး ချဉ်းကပ်ကြပါတယ်။ အပင်စိုက်မဲ့သူတစ်ယောက်က ကိုယ့်အပင်တွေကိုဘယ်နေရာမှာ စိုက်ပျိုးမလဲဆိုတာ ဆုံးဖြတ် ခွင့်ရှိပါတယ်။ အပင်တွေဟာ Read more…

Curly kale love fertile loamy soil

ကိုယ့် အပင်လေးတွေက ဘယ်လို မြေဆီလွှာကို နှစ်သက်သလဲ ?

အရသာ ထူးကဲတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ကိုယ့်အပင်လေးတွေ ဘယ်လိုမြေဆီလွှာကို နှစ်သက်လဲဆိုတာ ကိုသိဖို့ ပဓာနအကျဆုံးပါပဲ။ မြေသားရဲ့ဖွဲ့စည်းပုံက ကိုယ့်အပင်လေးတွေရဲ့အမြစ်တွေကြီးထွားနိုင်စွမ်း၊ရေစုပ်ယူနိုင်စွမ်းနဲ့ဘယ်လိုအာဟာရဓာတ်တွေရမလဲဆိုတဲ့ အပေါ် သက်ရောက်မှုရှိပါတယ်။ မိတ်ဆွေတို့အတွက် အလုပ်ဖြစ်စေမဲ့ အကြံကောင်းတစ်ခုကတော့ ကိုယ့်အပင်လေးတွေ ဘယ်လို ရာသီမှာ ကောင်းစွာ ရှင်သန်လေ့ရှိကြလဲဆိုတာကို သိနေဖို့ပါပဲ။ အပင်တိုင်းမှာ သူတို့ရဲ့လိုအင် ၊ လိုအပ်ချက် ကိုယ်စီရှိကြတဲ့ အတွက် စိုက်ပျိုးမဲ့သူဟာ မှန်ကန်တဲ့အနေအထားကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။   ဥပမာ – စပါး (rice) ၊ ကန်စွန်းရွက် (watercress) နဲ့မြင်းခွာရွက် (pennywort) တို့ဟာ ရန်ကုန်နဲ့အခြားစိုက်ပျိုးရေးဒေသတွေမှာ ရှိတဲ့ စိုစွတ်တဲ့ ၊ သိပ်သည်းတဲ့ ရာသီဥတုကို နှစ်သက်ကြပါတယ်။ သူတို့ဟာ ရေတစ်ပိုင်းနေတဲ့ Read more…

Dinosaur kale happy

အပင်လေးများလည်း နှလုံးသားနဲ့ပါ

အပင်တစ်ပင်ကို လူသားတစ်ယောက်လို့ ခဏလောက်တွေးကြည့်လိုက်ပါ။ သူတို့လေးတွေဟာလည်း လူသားတွေလိုပဲရေ၊နေရောင်ခြည်၊အာဟာရစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ချစ်ခြင်း၊ ဂရုစိုက်မှုနဲ့သူ့အပေါ်အညစ်အကြေးလာစွန့်မဲ့ခွေးရန်က ကာကွယ်ပေးတာမျိုး  တွေ အလိုရှိကြပါတယ်။ သူတို့အတွက် လုံလောက်တဲ့အစာအာဟာရ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ရေစတာတွေကို ရတဲ့အခါ ပျော်ရွှင်ကျန်းမာစွာသီးပွင့်ကြတယ်။ နောက်ပြီး သူတို့အနီးအနားက အဖော်တွေဖြစ်တဲ့ အခြားသစ်ပင်တွေသီးနှံပင်တွေ နဲ့ မှိုပင်လေးတွေနဲ့အတူ အမြစ်ကနေ အစာအာဟာရတွေ မျှဝေစားသုံးရတာကိုလည်း နှစ်သက်ကြပါတယ်။  အို..နောက်ပြီးတော့ နေရောင်ခြည်လည်းလိုအပ်ပါသေးတယ်။ နေရောင်ခြည်ဆိုတာက အပင်တွေအတွက် သဘာဝကပေးတဲ့ အကောင်းဆုံး အားဖြည့်အချိုရည်ပါပဲ။  တစ်နေကုန် အလုပ်ပန်းလာတဲ့လူတွေ အိမ်ပြန်ရောက်တဲ့ခါ ထိုင်ခုံပေါ်မှာ ခြေကုန်လက်ပန်းကျ ပျော့ခွေသွားရသလို အပင်လေးတွေလည်း အစာပြတ်တဲ့အခါ ဝမ်းနည်း အားပျက်ပြီး အရွက်တွေညှိုးကာ အောက်ကိုကိုင်းညွှန့်လာပါတယ်။ လူတွေလိုပဲ ဖိစီးမှုများလေလေ အရွက်တွေ ညှိုးလေလေဖြစ်ပြီး ကြွေကုန်ကြပါတယ်။ တစ်ခါတလေမှာ Read more…