Earthworm

တီကောင်လေးတွေက ကျွန်တော်တို့ရဲ့မြေဆီလွှာကိုဘယ်လိုကူညီပေးနေလဲ ?

         စိုက်ပျိုးရေးသမားတော်တော်များများက တီကောင်လေးတွေနဲ့ပတ်သက်ရင် သိပ်မသိကြပါဘူး။ ဒါကလဲ သူတို့က မြေကြီးထဲမှာအချိန်တော်တော်ကြာကြာနေလေ့ရှိကြပြီး ကြက်စာအဖြစ်လောက်ပဲ အသုံးပြုကြတဲ့အတွက် သတိမမူမိကြတာ မဆန်းပါဘူး။          ဒါပေမဲ့ တီကောင်လေးတွေဟာ ကြက်စာဆိုတာထက်ပိုပါတယ်။ သူတို့က သဘာဝတရားကပေးထားတဲ့စိုက်ပျိုးရေးသမားတွေပါပဲ။          တီကောင်လေးတွေဟာ မြေဆီလွှာထဲမှာ သွားလာလှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါတွေကအပင်တွေ နဲ့မြေကြီးအတွက်ကို အကျိုးကျေးဇူးများစွာဖြစ်စေပါတယ်။ သုတေသန ပြုလုပ်ချက်တွေအရ သူတို့ကမြေကြီးကိုအာဟာရဖြစ်ေ စတယ် ၊ ရေစီးဆင်းမှုကို မြန်ဆန်စေပြီးတော့ မြေဆီလွှာဖွဲ့စည်းမှုကိုပိုပြီးတောင့်တင်းခိုင်မာစေတယ်။           ဒါ့အပြင် တီကောင်လေးတွေဟာ အပင်ရဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အမြစ်သေတွေ၊ အရွက်တွေ ၊ မြက်တွေ နဲ့နောက်ချေး၊ကြက်ချေးစတာတွေကို စားသုံးရတာကိုနှစ်သက်ကြပါတယ်။ သူတို့ကဒီအရာတွေကိုစားသုံးချေဖျက်လိုက်တဲ့ အခါကြရင်  ဒီစွန့်ပစ်ပစ္စည်းတွေထဲမှာရှိတဲ့ နိုက်ထရိုဂျင် ၊ ဖော့စ်ဖောရပ်စ်စတဲ့အာဟာရဓာတ်တွေဟာ Read more…

Food for earthworms

ကိုယ့်စိုက်ပျိုးမြေက တီကောင်လေးများကို စောင့်ရှောက်ကြမယ်။

         တီကောင်လေးတွေဆိုတာ အထိမခံနုနယ်ပြီးတော့ စိုစွတ်တဲ့မြေကြီးမှာ ရှင်သန်ကျက်စားတဲ့သတ္တဝါလေးတွေပါ။ သူတို့လေးတွေဟာ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာပဲရှင်သန်နေထိုင်လေ့ရှိကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာအရေပြားပေါ်မှာရှိတဲ့ အကျိအချွဲဂလင်းလေးတွေကိုသုံးပြီး အသက်ရှုကြရတာဖြစ်လို့စိုစွတ်တဲ့ ပတ်ဝန်းကျင်အနေအထားကသာ ဒါကိုထိန်းသိမ်းပေးနိုင်မှာပါ။ စိုထိုင်းမှုသာမရှိဘူးဆိုရင် ဒီတီကောင်လေးတွေဟာ နေ့စဉ်နေ့တိုင်းသူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကိုဆုံးရှုံးမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ခြောက်သွေ့ပြီးသေဆုံးသွားမှာပါ။ သူတို့လေးတွေမှာ မျက်စိ ၊ နား စတာတွေမရှိပေမဲ့လို တုန်ခါမှုကိုခံစားသိရှိနိုင်ကြပြီး သူတို့ခေါင်းပေါ်မှာ အလင်းကိုအာရုံခံနိုင်တဲ့ တစ်ရှုးလေးတွေပါတာကြောင့် အလင်းရောင်ကိုခွဲခြားပြီးသိနိုင်ပါတယ်။       တကယ်လို့မိတ်ဆွေရဲ့စိုက်ပျိုးမြေပေါ်မှာ တီကောင်လေးတွေရှိနေပြီဆိုရင်တော့ ဒါက ကိုယ့်ရဲ့မြေဟာ စိုက်ပျိုးရေးလုပ်ဖို့အတွက်ကောင်းမွန်တယ်ဆိုတာကိုပြသနေတဲ့ လက္ခဏာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီတီကောင်လေးတွေဟာ အရမ်း မခြောက်သွေ့လွန်း၊ မစိုစွတ်လွန်း ၊ မပူလွန်း ၊ မအေးလွန်း ၊ အက်စစ်ဓာတ်မများလွန်း ၊ အယ်လ်ကာလိုင်းဓာတ်မများလွန်း တဲ့ သမမျှတတဲ့မြေဆီလွှာမျိုးကိုပဲနှစ်သက်ကြပါတယ်။ Read more…

Soil pH 5.5

မြေကြီးရဲ့ pH က ဘာလို့အရေးကြီးတာလဲ?

မြေဆီလွှာရဲ့ phက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပင်တွေက မြေကြီးထဲကနေပြီးတော့ ဘယ်လိုအာဟာရတွေကိုစုပ်ယူမလဲဆိုတာကို pH ကသက်ရောက်စေလို့ပါပဲ။ pHကိုတိုင်းတာမယ်ဆိုရင် 0.0 ကနေ 14.0 အထိရှိပြီး 0.0 ကတော့ အက်ဆစ်ဓာတ်အများဆုံးပါ။ 7.0 ဓာတ်ပြယ်နေတာ (သို့မဟုတ်) သာမန်ရေမှာရှိတဲ့ pH ပမာဏဖြစ်ပြီး 14.0ကတော့အယ်ကာလိုင်းဓာတ်အများဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့လိုပဲမိတ်တွေတို့လဲ pH ကဘာလဲဆိုတာသိချင်ကြမှာပါပဲ။P ဆိုတာ သင်္ချာဘာသာရပ်မှာတော့ “-log10” ကိုရည်ညွှန်းတာဖြစ်ပြီး H ကတော့ ဟိုက်ဒရိုဂျင် ဒြပ်စင်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ သူတို့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ ဒီ pH = – log10[H+]  ဆိုတဲ့ ဖော်မြူလာလေးဖြစ်ပေါ်လာပါတယ်။ ဒီညီမျှခြင်းလေး ဘယ်လိုအလုပ်လုပ်သလဲဆိုတာရှင်းပြဖို့မလွယ်ပေမဲ့ တစ်နည်းပြောရရင်တော့ အဲ့ဒါက အရာဝတ္ထုတစ်ခုမှာရှိတဲ့ ဟိုက်ဒရိုဂျင်ဒြပ်စင်အတွဲလေးတွေကို Read more…

Depleted soil

မြေကြီးထဲကအာဟာရဓာတ်တွေကို ဘာကလျော့ကျစေတာလဲ?

သဘာဝလောကကြီးထဲမှာတော့မြေဆီလွှာဆိုတာဟာသူ့အလိုလိုပြန်လည်အားပြည့်နေတဲ့ အရာမျိုးပါ။ အစေ့တွေကနေ အပင်ပေါက်လာတာနဲ့သူတို့ဟာ မြေကြီးထဲက အာဟာရတွေကိုစုပ်ယူပြီးတော့ သစ်ရွက်တွေ ၊ အမြစ်တွေ နဲ့သီးနှံတွေအဖြစ်နဲ့ဖူးပွင့်ကြပါတယ်။ အပင်တွေ သဘာဝအတိုင်းသေဆုံးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ကိုယ်ထည်တွေကဆွေးမြေ  ြ့ပိုကွဲသွားပြီး မြေဆီလွှာအတွက် အာဟာရ ပြန်ဖြစ်သွားပါတယ်။ တစ်ခါတစ်လေမှာ ဆိတ်လေးတစ်ကောင် ဒါမှမဟုတ် နွားလေးတစ်ကောင်လိုမျိုး အသီးအရွက်စားတဲ့ သတ္တဝါတစ်မျိုးမျိုးကရောက်လာပြီးတော့ အပင်တွေကိုစားပစ်တတ်ပါတယ်။ ဒါကို စားလိုက်တဲ့ သတ္တဝါလေးက အာဟာရဓာတ်တွေကို စုပ်ယူပြီး ပိုလျှံတဲ့အရာတွေကိုတော့ မစင်အဖြစ်နဲ့စွန့်ထုတ်လိုက်ပါတယ်။အဲဒီ့မှာ သူစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးက နောက်အပင်မျိုးစိတ်အတွက် အစာအာဟာရဖြစ်လာပါတော့တယ်။ စိုက်ပျိုးရေးလုပ်တဲ့ အခါမှာ ကျွန်တော်တို့က ဒီလည်ပတ်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို ဖြိုခွဲပစ်လိုက်တာနဲ့အတူတူပါပဲ။ ကျွန်တော်တို့ဟာ ဒီအပင်တွေကို စားဖို့ဆွတ်ယူ ကြ ရောင်းချကြတဲ့အခါမှာ ဒီအာဟာရတွေဟာ လယ်ယာမြေ ကနေ တော်တော်ဝေးဝေးကို Read more…

Healthy living soil

အသက်ဝင်ရှင်သန်နေတဲ့ မြေဆီလွှာ

စိုက်ခင်းတစ်ခု ဖြစ်ဖို့ဆိုရင် စိုစွတ် ရှင်သန်နေပြီး စိုက်ပျိုးလို့ရတဲ့ (မျိုးအောင်တဲ့) မြေဆီလွှာ တစ်ခုရှိဖို့အရေးကြီးဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အပင်တွေဟာ သူတို့အတွက် လိုအပ်တဲ့ ရေ နဲ့အခြားသော အာဟာရဓာတ် တွေကို မြေကြီးထဲမှာတွယ်ကုပ်ထားတဲ့ သူတို့ရဲ့အမြစ်တွေကနေ တစ်ဆင့် စုပ်ယူကြလို့ပါပဲ။            မြေဆီလွှာကောင်းတစ်ခုဆိုတာ သန်းပေါင်းများစွာသော ပိုးမွှားလေးတွေ ၊ တီကောင်လေးတွေ ၊ မှိုပင်တွေ ၊ ဘက်တီးရီးယား ပိုးလေးတွေ ၊ နီမာတုတ်ကောင်လေးတွေနဲ့မြေကြီးထဲမှာပဲ ရှင်သန်ကျက်စားပြီး သေဆုံးကြတဲ့ အခြားသတ္တဝါပေါင်းများစွာရဲ ့နေထိုင်ရာ အိမ်ကြီး ဖြစ်ပါတယ်။ အမြစ်တွေ အနီးတစ်ဝိုက်မှာ သူတို့လေးတွေရဲ့်သွားလာလှုပ်ရှားမှုက အပင်တွေစုပ်ယူဖို့လိုအပ်တဲ့ အရေးကြီးတဲ့ မြေတွင်းသတ္တုဓာတ်တွေ နဲ့ အာဟာရဓာတ်တွေကို ဖြိုခွဲပေးပါတယ်။            မြေသားက အသက်ဝင်လေလေ Read more…

Rice husk mulch

ကျန်းမာ သန်စွမ်းတဲ့ မြေဆီလွှာတစ်ခု ဖန်တီးကြရာဝယ်

ကျွန်တော်တို့လို ဓာတ်မြေသြဇာ မသုံး အော်ဂဲနစ် ယာသမားတွေအတွက်ကတော့ စိုက်ပျိုးမြေ ဖြစ်တဲ့ မြေဆီလွှာ ကျန်းမာဖို့ကို ပဓာန ထားပါတယ်။ တကယ်တော့ မြေဆီလွှာဆိုတာ သန်းပေါင်းများစွာသော တီကောင်လေးတွေ ၊ ပိုးမွှားလေးတွေ နဲ့ မှိုပင်လေးတွေစတဲ့ စာဖိုမှူးလေးတွေက ကျွန်တော်တို့အပင်လေးတွေအတွက် အစာချက်ပေးတဲ့ လျို ့ဝှက်စားဖိုကြီး တစ်ခုလိုပါပဲ။        မြေဆီလွှာ ကောင်းတစ်ခုလိုချင်ရင်တော့ မြေဆီလွှာကိုတတ်နိုင်သမျှ စိုစွတ်နေအောင် ထားပေးရပါမယ်။ရေတွေအိုင်နေလောက်အောင်တော့ မဟုတ်ဖူးပေါ့။ဘာကြောင့်လဲဆိုတော့ ဒီမြေသားကိုရှင်သန်နေစေတဲ့ ပိုးမွှားလေးတွေက စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပျော်မွေ့ကြတယ်လေ။ ကျွန်တော်တို့ရဲ ့စိုက်ခင်းမှာ ဒါကိုဘယ်လိုလုပ်လဲဆိုရင်တော့ သစ်ရွက်ခြောက်တွေ၊စပါးနှံတွေနဲ့ စပါးခွံ စတာလေးတွေကို စိုက်ခင်းမြေပေါ်မှာ ရောထားလေ့ရှိတယ်။ ဒီလိုဆိုတော့ မြေသားရဲ ့စွတ်စိုမှုက အလွယ်တကူ အငွေ့ပျံမသွားတော့ဘူးပေါ့။ Read more…