Gazunmyo farm monsoon

“မရေရာတာ ဓမ္မတာ”

သက်ရှိတွေနဲ့အလုပ်လုပ်ရတာ တကယ့်ကို ကမောက်ကမဖြစ်စေမဲ့ အခြေအနေတွေနဲ့ကြုံရနိုင်ပါတယ်။ အရင်လေးရက်လောက်ကမှ အဆင်သင့်လေး ခူးမလို့လုပ်ထားတဲ့ လှလှပပ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေဟာ သိပ်မကြာခင်ပဲခေါင်းမာတဲ့ အဖျက်ပိုးတွေ ဖျက်စီးတာလည်းခံရနိုင်ပါတယ်။ ရုတ်တရတ်ပေါ်လာတဲ့ မိုးကြိုးမုန်တိုင်းကြောင့် စိုက်ခင်းတစ်ဝက်လောက်ရေမြုပ်သွားပြီး ကိုယ့်အသီးအရွက်တွေက အမြစ်ကပါ ရိရွဲပြီး သေတော့မလိုဖြစ်တာနဲ့လည်း ကြုံရမှာပါ။ လယ်သမားတွေအတွက် မရေရာမသေချာမှုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ရဲ ့တာဝန်ကတော့ ကိုယ်သိထားတဲ့ နည်းလမ်းတွေနဲ့ကိုယ့်ရဲ ့ဟင်းသီးဟင်းရွက်တွေကို အကောင်းဆုံးစီမံပြီးရောင်းချနိုင်ဖို့ပါပဲ။ ဒါပေမဲ့လည်း အချိန်နဲ့အမျှ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ဟာ သဘာဝတရားကိုကြိုတင်တွက်ဆထားလို့ မရပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကနေသင်ယူလေ့လာမှ မမျှော်လင့်ထားတဲ့ အရာတွေကို နောက်တစ်ကြိမ်မှာ ပိုပြီးကောင်းကောင်းရင်ဆိုင်နိုင်မှာပါ။ (Translated by Shweyi)

Farmer burnout

လူရောစိတ်ပါ ချုံးချုံးကျခြင်းမှ ကာကွယ်ပါ။

         ရက်သတ္တပတ်လုံးအနားမယူပဲနဲ့ဆက်တိုက်အလုပ်ပဲလုပ်နေတာမျိုးက စိုက်ပျိုးရေးသမားတွေအတွက် စိတ်ပင်ပန်းလူပင်ပန်းဖြစ်စေမှာပါ။ မျိုးစေ့ချရတာကနေစပြီး ဖောက်သည်တွေဖုန်းဆက်မေးရတာကိုဖြေရတာ၊ လာမဲ့ ရာသီ အတွက် ငွေရေးကြေးရေးစီမံရတာတွေ အထိ တစ်ရက်နဲ့အပြီးလုပ်ရတာမျိုးတွေရှိပါတယ်။ ဒီလို တရစပ် အလုပ်လုပ်နေတဲ့ ကြားထဲက ပိုးကျတာတို့ အပင်တွေအကုန်လုံး နီးပါး ပြုတ်ပြုတ်ပြုန်းစေမဲ့ မုန်တိုင်းနဲ့ကြုံရတာမျိုးတွေ မျှော်လင့်ထားတဲ့ အခက်အခဲတွေကြုံရနိုင်ပါတယ်။ စိုက်ပျိုးရေးသမားတွေဟာပြဿနာတွေကိုကောင်းကောင်းဖြေရှင်းနိုင်တဲ့သူတွေမို့လို့အခက်အခဲတိုင်းကို စိတ်ဓာတ်ပြတ်သားခိုင်မာစွာနဲ့မျှော်လင့်ချက်နဲ့ ရှေ့ဆက်နိုင်တာသဘာဝပါ။ဒါပေမဲ့ တစ်ခါတစ်လေကျရင် ပတ်ဝန်းကျင်က အရမ်းစိတ်ရှုပ်စရာကောင်းလွန်းလို့အလျှော့ပေးချင်တဲ့ အချိန်ဆိုတာ ရှိလာမယ်။ ကမ္ဘာပေါ်က စိုက်ပျိုးရေးသမား တော်တော်များများအတွက်တော့ အကြွေးမဆပ်နိုင်မှာ ၊ စရိတ်မလောက်မှာ စိုးတဲ့ သောကတွေက အလုပ်မှာ အမြဲလိုလို ဖိစီးစေပါတယ်။ တစ်ခါတစ်လေမှာထွန်စက်ကိုအကြွေးနဲ့ဝယ်လိုက်ပြီးခါမှရာသီကုန်လို့ရိတ်သိမ်းတဲ့အချိန်လဲရောက်ရောသဘာဝဘေးအန္တရာယ်နဲ့ကြုံလို့ငွေပြန်မဆပ်နိုင်တာမျိုးလည်း ကြုံရနိုင်ပါတယ်။ အများကြီး ရိတ်သိမ်းနိုင်ပေမဲ့ ဒီနှစ်ရောင်းရတဲ့ပစ္စည်းတန်ဖိုးက မျှော်လင့်ထားတာထက် ပိုနည်းတဲ့အခါမှာ မိသားစုဝမ်းရေးအတွက် Read more…

Organic vegetables bold flavours

အရသာဟာ” ဦးစားပေး” ပါ ။

ဒီနေ့ခေတ်မှာ အသီးအနှံတော်တော်များများရဲ့ အရွယ်အစားနဲ့ စင်းလုံးချောဖြစ်ရေးကို ဦးစားပေးပြီးစိုက်ပျိုးလာကြတယ်။ ဝယ်သူတွေအတွက်တော့ ခရမ်းချဉ်သီး တစ်လုံး (ဒါမှမဟုတ်) တရုတ်မုန်ညင်းထုပ်တစ်ထုပ်ရဲ့ ပုံစံ၊ အရောင် နဲ့အရွယ်အစား က သူတို့တကယ်အရသာ ရှိလား ၊ မရှိလားဆိုတာထက် ပိုပြီးအရေးပါလာပါတယ်။ ဈေးဝယ်သူ တော်တော်များများဟာ အနာအဆာကင်း လတ်ဆတ်ပုံပေါ်တဲ့ အသီးအရွက်တွေ ကိုတော့ သေသေချာချာ ရွေးဝယ်ကြပေမဲ့ ပုံစံသိပ်မလှတာတို့အရောင်သိပ်မလှတဲ့ဟာတွေဆိုရင် ချောင်ထိုးပစ်ခဲ့ပါတယ်။ နောက်ဆုံးကျတော့ ဘယ်သူမှမလိုချင်တဲ့ အသီးအနှံတွေနဲ့ကိုယ်ပဲကျန်ခဲ့ရော။          ဒီလို အလေ့အထတွေကြောင့် စိုက်ပျိုးရေးသမားတော်တော်များများဟာ စင်းလုံးချောဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မရမက စိုက်ပျိုးကြပါတော့တယ်။ တချို့တွေဆို အရွက်တွေ မြန်မြန်ကြီးဖို့၊ လှဖို့နဲ့ပိုးကိုက်မခံရဖို့ဓာတုပိုးသတ်ဆေးတွေ နဲ့ဓာတ်မြေသြဇာတွေကို သုံးကြတယ်။ ဒါပေမဲ့ အဲဒီ့လို စိုက်ထားတဲ့ အသီးအရွက်တွေကို Read more…

Compost building

ကိုယ့်မှာရှိတဲ့အရာကို အပြည့်အဝ အသုံးချကြပါစို့.

မြန်မာပြည်မှာစိုက်ပျိုးရေးလုပ်ရတာ ဘာအကောင်းဆုံးလဲဆိုတော့ သဘာဝသယံဇာတတွေ ပေါများကြွယ်ဝတာပါပဲ။အထူးသဖြင့် လယ်ယာမြေ(စိုက်ခင်း)တွေနဲ့ပတ်သက်ပြီးတော့ပေါ့။ ကျွန်တော်တို့စိုက်ခင်းတွေမှာရှိတဲ့ အရာတွေကို အကောင်းဆုံးအသုံးချနိုင်မယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေနဲ့သီးနှံတွေ စိုက်ပျိုးဖို့ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာပါ။ ဥပမာပြောရရင် အမှိုက်လို့ထင်ရတဲ့ မြက်ခြောက်တွေနဲ့သစ်ရွက်ခြောက်တွေကို မီးရှို့ပစ်လိုက်မဲ့အစား သိမ်းထားရပါမယ်။ ဒါမှ ကျွန်တော်တို့စိုက်ခင်းတွေ မြေဆွေးဖို့ဖို့အတွက် ၊ ဒါမှမဟုတ် မြေဆွေး ပြုလုပ်ဖို့အတွက် အသုံးပြုနိုင်မှာပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် မြေသားက ကျန်းမာသန်စွမ်းတဲ့ အပြင် ဓာတ်မြေဩဇာအသုံးပြုမှုလျော့နည်းသွားမှာပါ။        နောက်ပြီး ကျွန်တော်တို့ရဲ့ဟင်းသီးဟင်းရွက်အချို့ကိုမဆွတ်ခူးပဲနဲ့ရင့်မှည့်စေပြီး လာမဲ့ရာသီအတွက် အစေ့စုဆောင်းလို့ရပါတယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ စိုက်ပျိုးရာသီတိုင်းမှာ မျိုးစေ့ဝယ်ရတာ ကို သက်သာစေမှာပါ။        ကိုယ့်မှာ ရှိတဲ့အရာနဲ့ ဖန်တီးတတ်မယ်ဆိုရင် ကိုယ့်လယ်ယာမှာရှိတဲ့ ဝါးပင်တွေပဲဖြစ်ဖြစ် ၊ မွေးထားတဲ့ကြက်တွေအပါအဝင်၊ သစ်ရွက်ခြောက်တွေကအစအသုံးပြုပြီး ငွေကုန်ကြေးကျနည်းတဲ့ အော်ဂဲနစ် Read more…

Organic farming community

စည်းလုံးညီညာအောင်ကြောင်းဖြာ

စိုက်ပျိုးရေးသမားဆိုတာက အသင်းအဖွဲ့နဲ့ အလုပ်လုပ်ရင်အကောင်းဆုံးပါပဲ။ ဒါမှ ကျွန်တော်တို့တွေဟာ အပြောင်းအလဲတွေကို ကြံ့ကြံံ့ခံပြီးကျော်လွှားနိုင်မှာပါ။ စိုက်ပျိုးရေးသမား အချင်းချင်း ဟာသတွေမျှဝေဖို့၊ လာမဲ့ရာသီအတွက် အစီအစဉ်တွေကို ဆွေးနွေးဖို့၊ စိုက်ပျိုးရေး နည်းစနစ်သစ်တွေ လေ့လာဖို့၊ ထမင်းတူတူတစ်နပ်လောက် လက်စုံစားဖို့၊ တစ်နှစ်လုံး ကြုံခဲ့ရတဲ့ ပြဿနာတွေ အတွက် တူတူ အဖြေရှာဖို့လိုအပ်ပါတယ်။ စိုက်ပျိုးရေးသမားတွေက ဖြန့်ချိရောင်းချသူတွေ ၊ ပစ္စည်းအသယ်အပို့လုပ်တဲ့သူတွေ ၊ ဈေးကွက်ဖော်ဆောင်သူတွေနဲ့ဆက်ဆံရေးကောင်းမွန်ဖို့လိုအပ်ပါတယ်။ ဒါမှ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးဝယ်သူ ကာစတန်မာတွေရဲ့လက်ထဲကိုအရောက်ပို့ပေးနိုင်မှာပါ။ ပြီးတော့ ကျွန်တော်တို့စိုက်ပျိုးရေးသမားတွေအတွက်တော့ ကိုယ်စိုက်ပျိုးနေတဲ့ အစားအစာတွေကို အလေးထားပြီး တန်ဖိုးထားဝယ်ယူမဲ့ဖောက်သည်တွေ ဝယ်ယူသူတွေလိုအပ်ပါတယ်။ဒါတွေထက် အရေးကြီးဆုံးကတော့ ကျွန်တော်တို့တွေ လုပ်နေတဲ့အရာအပေါ်မှာ ယုံကြည်မှုရှိဖို့အတွက် ဘေးကနေ အားပေးမဲ့ ၊ ကူညီဖေးမမဲ့သူတွေ Read more…

Moldy watercress gazunywet

အဖြေရှာခြင်း

ကျွန်တော်တို့တွေ စိုက်ခင်းမှာ ရှောင်လွှဲလို့မရဆုံးအရာကတော့ အခက်အခဲ ပြဿနာတွေပါပဲ။ ကိုင်တွယ်ဖြေရှင်းရလဲခက်သလို တစ်ခါတစ်လေ စိတ်ညစ်ညူးဖို လည်းကောင်းပါတယ်။  ကဲ..ဒီတော့  ထွက်ပြေးလို့မရမဲ့ တူတူတော့ အတတ်နိုင်ဆုံး ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြရတော့မှာပေါ့။ နံပါတ် တစ် အနေနဲ့ကတော့ ပြဿနာ ကဘာတွေလဲဆိုတာ ရှာဖွေရပါမယ်။ ပြဿနာ ကိုဖန်တီးနေတဲ့ အကြောင်းအရင်းတွေ အားလုံးကို ချရေး လိုက်ပါ။ နံပါတ် နှစ် အနေ နဲ့ကတော့ အဲ့ဒီ့အရာတွေထဲကမှပြဿနာကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေရမှာပါ။ နောက်ဆုံး အနေ နဲ့ ပြဿနာရင်းမြစ်ကို ဖန်တီးစေတဲ့ အရာအတွက် အဖြေထုတ်ရမှာပါ။ အဓိက အခက်အခဲ မပြေလည်မချင်း နည်းလမ်းပေါင်းစုံ နဲ့ဖြေရှင်းရမှာပါ။ ဘယ်အရာက ပြဿနာကို ဖန်တီးနေလဲဆိုတာမသိပဲနဲ့ပြဿနာကို ကိုင်တွယ် Read more…

Monsoon season vegetables

ရန်ကုန်မြို့ရဲ ့ခါဝသန် မိုးရာသီ

ရန်ကုန် မြို ့လေးမှာ မိုးဝင်တာသိပ်မကြာသေးပေမဲ့ ကျွန်တော်တို့ရဲ့စိုက်ခင်းလေးမှာတော့ ကြီးမားတဲ့ အပြောင်းအလဲအချို ့ပေါ်ပေါက်လာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ ့ဘိုစားကိုက်လံပင် (ဂေါ်ဖီနွယ်ဝင် အပင်တစ်မျိုး) ၊ အီတလီ ပင်စိမ်းပင်များ နဲ့ Thyme ပင်လေးတွေဟာ အမြစ်ပိုးကိုက်ခြင်း နဲ့အပင်ပိုးစွဲတာတွေကြောင့် သေဆုံးလုနီးနီး ဖြစ်နေပါတယ်။              ဘာဖြစ်လို့လဲ ဆိုတော့ဒီအပင်လေးတွေဟာ ဆောင်းရာသီတွင်းမှာ မဆိုစလောက်သာ မိုးရွာတတ်တဲ့ ခြောက်သွေ့အေးစက်တဲ့ မြေထဲပင်လယ် ဒေသတွင်းကနေ လာခဲ့ကြလို့ပါပဲ။    လေဒဏ် မိုးဒဏ် နဲ့စိုစွတ်ခြင်း ကို သိပ်ပြီး ခံနိုင်ရည်မရှိတာကြောင့် ရန်ကုန်မှာဆိုရင်တော့ မိုးအကုန် ဆောင်းအဝင်ဖြစ်တဲ့ အောက်တိုဘာလ ကနေ မေလအထိပဲ Read more…

What does it take to be a farmer?

စိုက်ပျိုးရေးသမားတစ်ဦးဖြစ်ဖို့ဆိုတာ?

အလွယ် ကြည့်မယ်ဆိုရင်တော့ လယ်ယာစိုက်ပျိုးရေးကပေးတဲ့ မြင့်မားတဲ့ စိတ်ခံစားမှု က ကျေနပ်ဖို့ကောင်းပါတယ်။ ကိုယ်နဲ့ကိုယ့် အသိုင်းအဝိုင်းအတွက် အစားအစာ စိုက်ပျိုး ရလို့ဖြစ်လာတဲ့ပီတိ။ သဘာဝနှင့် တစ်သားထဲ လို့ခံစားရစေတဲ့ စိတ်ချမ်းသာမှု ။ ကိုယ်စားမဲ့ အစားအသောက် အပေါ်မှာ တစ်နည်းနည်းနဲ့လွှမ်းမိုးချုပ်ကိုင်နိုင်မှုရှိနေတာ။            အချိန်တော်တေ်ာကြာ မနက် ၉နာရီ ကနေ ညနေ၅နာရီထိ ရုံးခန်းထဲမှာပဲ အချိန်ကုန်လေ့ရှိခဲ့ကြတဲ့ ကျွန်တော်တို့တွေ နဲ့ကျွန်တော်တို့အနားကလူတွေမှာ သဘာဝနှင့်ပတ်သက်ပြီး ဒီလို ခံစားမှု အသိအမြင်တွေ ရှိရောရှိကြရဲ့လားလို့ တခါတလေတွေးမိတယ်။ နေ့တဓူဝ ခေါက်ရိုးကျိုး အလုပ်တွေကနေ ထွက်ပြေးချင်လွန်းလို့သာ စိုက်ပျိုးရေးလုပ်မိတာ ၊  စိုက်ပျိုးရေးသမားတွေ ရဲ့ကြံ့ကြံ့ခံရှင်သန်နိုင်စွမ်းကို သတိမထားမိခဲ့ဘူး။ လယ်ယာအလုပ်ဆိုတာ အနီးကပ်လေ့လာမယ်ဆိုရင် နည်းစနစ်မှန်ဖို့၊ ဇွဲရှိဖို့ Read more…