Farm Layout

ကျွန်တော်တို့ရဲ့ Blog လေး

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က  ကျွန်တော်တို့ရဲ့ စိုက်ခင်းလေးကို စဖွင့်ခဲ့တဲ့ အချိန်မှာ ဘယ်ထိ ခရီးပေါက်မယ်ဆိုတာ မသိခဲ့ဘူး။ အော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေ က အင်မတန်လတ်ဆတ်ပြီး အရသာရှိတာ သိပေမဲ့ စားဖို့တော့ ဘာမှမစိုက်ခဲ့ဖူးဘူး။ စိုက်ပျိုးရေးမလုပ်ခင်ကတော့ စိတ်ထဲမှာစိုက်ပျိုးရေး နဲ့ပတ်သက်တဲ့ အသိအမြင် ရယ် ၊ ထက်သန်တဲ့ ဇွဲရယ် ၊ လုံ့လ ၊ မတည်မှုငွေကြေးနည်းနည်းရှိရင် ရန်ကုန်မှာ စိုက်ခင်းတစ်ခုလောက် လုပ်နိုင်မယ် အမြတ်ငွေတွေပါရနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအတွေးတွေက တော်တော်နုံနဲ့ပြီး ရိုးစင်းတာ သိပ်မကြာဘူး သိခဲ့ရပါတယ်။ စိုက်ခင်းစပြီး  ၃လလောက်ကြာတော့ မိုးတွင်းမှာကျတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ကျွန်ုပ်တို့ ရဲ့ အီတလီပင်စိမ်းပင်လေးတွေ ၁၀၀လောက်သေသွားခဲ့တယ်။ သိပ်မကြာဘူး ကျွန်တော်တို့ရဲ့ Read more…