ကွဲပြားတဲ့အဖျက်ပိုးတွေကကိုယ့်ရဲ့သီးပင်စားပင်တွေကိုဘယ်လိုဖျက်ဆီးနိုင်လဲဆိုတာသိထားရင် ကိုယ့်ရဲ့အပင်ပြဿနာတွေကိုစောစောစီးစီးဖြေရှင်းနိုင်မှာပါ။အများဆုံးတွေ့ရတဲ့အဖျက်ပိုးနှစ်မျိုးကတော့အပင်ရဲ့အရည်တွေကိုခမ်းခြောက်သွားအောင်စုပ်ယူပစ်တဲ့ပိုးတွေနဲ့အရွက်တွေနဲ့ပင်စည်တွေကို ကိုက်ဖြတ်စားသောက်တတ်တဲ့ အဖျက်ပိုးတွေပဲဖြစ်ပါတယ်။

အရည်တွေကိုစုပ်ယူပစ်တဲ့ အဖျက်ပိုးတွေမှာဆိုရင် ငှက်နှုတ်သီးလိုမျိုး ကိုက်ဖြတ်စားသောက်နိုင်တဲ့ ပါးစပ်မျိုးရှိပြီးတော့ အပင်ရဲ့အပေါ်ယံအလွှာကိုထိုးဖောက်ပြီး အရည်တွေခမ်းအောင်စုပ်ယူပစ်ပါတယ်။ အဲ့ဒီလိုစုပ်ယူနေတဲ့အချိန်အတွင်းမှာပဲ တချို့အဖျက်ပိုးတွေက သူတို့စားသုံးနေတဲ့ အပင်တွေဆီကို အခြားအပင်ကရောဂါပိုးတွေသယ်ဆောင်ဖြန့်ဖြူးပစ်ပါတယ်။ ဖြုတ်စိမ်းကောင်(Aphids)၊ လှေးပိုး (Thrips) ၊ Whitefly လို့ခေါ်တဲ့ ပိုးကောင်အသေးစားတစ်မျိုး ၊ Leaf Hopper ဆိုတဲ့ဖြုတ်စိမ်းတစ်မျိုး  စတဲ့အဖျက်ပိုးကောင်တွေဟာဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ဒီလိုအဖျက်ပိုးတွေတိုက်ခိုက်ခံရတဲ့အပင်တွေဟာ များသောအားဖြင့် ကောက်ကွေး၊တွန့်လိမ်ပြီးအဝါရောင် ဒါမှမဟုတ် မီးခိုးရောင်နဲ့အညိုရောင်အပျောက်တွေရှိတဲ့ အဖြူဖျော့ရောင်အရွက်တွေဖြစ်သွားပါတယ်။ ပိုးကိုက်ခံရတဲ့အပင်တွေကတော့ အဖျက်ပိုးတွေဆီကရရှိတဲ့ ဒဏ်ရာအနာတရတွေကြောင့် များသောအားဖြင့်သေဆုံးသွားလေ့ရှိကြပါတယ်။

ဒီအမျိုးအစားထဲမှာပါတဲ့ အဖျက်ပိုးလေးတွေကတော့ များသောအားဖြင့် အရွယ်သေးလွန်းပြီး အရွယ်ရောက်ပြီးအဆင့်၊သားလောင်းအဆင့် နဲ့ပိုးဥအဆင့် စတဲ့အဆင့်တွေနဲ့ဖြန့်ကျက်နေထိုင်ကြပါတယ်။

သစ်ရွက်တွေ၊ပင်စည်တွေ၊အမြစ်တွေနဲ့အသီးတွေကိုစားသုံးလေ့ရှိတဲ့ အဖျက်ပိုးလေးတွေကတော့ ဘောက်ဖတ်ပိုးလေးတွေ၊ တီကောင်လေးတွေ ၊ နွားချေးပိုးထိုးကောင်လေးတွေ ဖြစ်ပါတယ်။သူတို့တွေဟာ အပင်ရဲ့အစိတ်အပိုင်းတွေကိုစားသုံးပြီးတော့ သိသာထင်ရှားတဲ့အပေါက်လေးတွေကို ဖြစ်စေပါတယ်။                                                                                        

ပြီးတော့သူတို့တွေဟာဟင်းသီးဟင်းရွက်လေးတွေအပေါ်ကပိုးဥလေးတွေအဖြစ်နဲ့စပြီးအသက်ရှင်သန်ကြပါတယ်။သားပေါက်တဲ့အချိန်မှာတော့ဒီဆာလောင်နေတဲ့လိပ်ပြာကောင်ပေါက်လေးတွေ၊ နွားချေးပိုးထိုးကောင်ပေါက်လေးတွေ နဲ့ပိုးဖလံကောင်ပေါက်လေးတွေဟာ အကောင်ကြီးတွေအဖြစ်မပြောင်းလဲသွားခင်မှာ အပင်ရဲ့အစိတ်အပိုင်းတွေကို စားသုံးပစ်ကြပါတော့တယ်။

ဒီအကောင်တွေတိုက်ခိုက်ခံရတဲ့ အပင်လေးတွေကတော့ များသောအားဖြင့် နေမကောင်းမဖြစ်ကြမဲ့လို့ဈေးမှာရောင်းဖို့လောက်အထိတော့ ကြည့်ရအဆင်မပြေပါဘူး။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်