သေချာပေါက် အရေးပါတာပေါ့။ အော်ဂဲနစ် နဲ့လူလုပ်ဓာတ်မြေသြဇာတွေက အပင်လေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေကို နည်းမျိုးစုံနဲ့အထောက်အကူပေးနေပါတယ်။ အော်ဂဲနစ် ဓာတ်မြေသြဇာတွေ (အများအားဖြင့် နောက်ချေး ဒါမှမဟုတ် ကြက်ချေး ၊ မြေဆွေး ၊ နိုက်ထရိုဂျင်ကိုထိန်းချုပ်ပေးတဲ့ပဲတွေ(nitrogen-fixing legumes)တွေ ဟာ အပင်လေးတွေဆီကို လအပိုင်းအခြားတစ်ခု ဒါမှမဟုတ် နှစ်ပေါင်းများစွာတိုင်အောင် အာဟာရတွေကိုဖြန့်ဝေပါတယ်။  သူတို့ဟာမြေဆီလွှာအတွက် အော်ဂဲနစ်အာဟာရတွေကို ဖြည့်ဆည်းပေးတဲ့အပြင် မြေဆီလွှာတိုက်စားခံရမှုမှကာကွယ်ပေးပြီး  မြေကြီးထဲကပိုးမွှားလေးတွေကြီးထွားဖို့ အတွက် ကူညီပေးပါတယ်။ ဒီမြေဆီလွှာပိုးမွှားလေးတွေကတော့ နောက်ချေးနဲ့မြေဆွေးဆီကအာဟာရတွေကို အပင်တွေစုပ်ယူနိုင်မဲ့ အာဟာရဓာတ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ မြေဆွေးလိုမျိုး သဘာဝအော်ဂဲနစ်မြေသြဇာတွေ အသုံးပြုလိုက်မယ်ဆိုရင်တော့ အခြားဘာဓာတ်မြေသြဇာမှ ထပ်ပေါင်းထည့်ဖို့မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ကိုယ့်အပင်လေးတွေလိုအပ်တဲ့ အဓိကအာဟာရ တော်တော်များများ ပါဝင်နေလို့ပါပဲ။

အာဟာရတွေကို အလွန်လျင်မြန်စွာ လွှတ်ထုတ်ပေးတတ်တဲ့ လူလုပ် ဓာတုဓာတ်မြေသြဇာတွေကတော့ ရေနဲ့တွေ့တဲ့အခါမှာပျော်ဝင်သွားလေ့ရှိပါတယ်။ သူတို့ကနဲ့တူလဲဆိုတော့ နိုက်ထရိုဂျင် ၊ ပိုတက်ဆီယမ် ၊ ဖော့စ်ဖောရပ်စ် နဲ့အခြားအရေးကြီးအာဟာရတွေကို မတူညီတဲ့အချိုးအစားတွေနဲ့ပေါင်းစပ်ထားတဲ့ အလုံးလေးတွေ ဒါမှမဟုတ် အရည်တွေပဲဖြစ်ပါတယ်။ ပြီးတော့ သူတို့ကအာဟာရတွေကိုမြေကြီးထဲကိုမိနစ်ပိုင်းအတွင်းမှာပဲလွှတ်ထုတ်ပေးတာမို့လို့မိမိရဲ့အပင်လေးတွေကအာဟာရတွေကို အလွန်လျင်မြန်စွာပဲ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အာဟာရတွေကို အလွန်လျင်မြန်စွာ လွှတ်ထုတ်ပေးတဲ့အခါမှာ ကိုယ့်အပင်လေးတွေကိုလောင်ကျွမ်းစေပြီး အများကြီးသုံးမယ်ဆိုရင် အပင်ပျက်စီးစေမှာပါ။

တကယ်လို့ လူလုပ်ဓာတုဓာတ်မြေသြဇာတွေသုံးတော့မယ်ဆိုရင် မိတ်ဆွေသိထားသင့်တာက ဒါတွေဟာ  ရေတိုမှာသုံးလို့ကောင်းပေမဲ့ အကျိုးပြုပိုးမွှားလေးတွေရဲ့အသက်ကိုကာကွယ်ပေးမှာမဟုတ်သလို ရေရှည်မှာ မြေဆီလွှာမျိုးအောင်ရေးအတွက်လည်း ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဓာတ်မြေသြဇာဆိုတာတစ်ခါသုံးရုံနဲ့မပြီးပဲ(အာဟာရတွေပြည့်ဝနေဖို့ဆိုရင်)ဆက်တိုက်ဆက်တိုက်သုံးနေရမှာဖြစ်လို့ရေရှည်မှာ အလုပ်သမားခတွေ၊ စရိတ်စကတွေပိုမိုများပြားစေမှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်