အရသာ ထူးကဲတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ကိုယ့်အပင်လေးတွေ ဘယ်လိုမြေဆီလွှာကို နှစ်သက်လဲဆိုတာ ကိုသိဖို့ ပဓာနအကျဆုံးပါပဲ။ မြေသားရဲ့ဖွဲ့စည်းပုံက ကိုယ့်အပင်လေးတွေရဲ့အမြစ်တွေကြီးထွားနိုင်စွမ်း၊ရေစုပ်ယူနိုင်စွမ်းနဲ့ဘယ်လိုအာဟာရဓာတ်တွေရမလဲဆိုတဲ့ အပေါ် သက်ရောက်မှုရှိပါတယ်။

မိတ်ဆွေတို့အတွက် အလုပ်ဖြစ်စေမဲ့ အကြံကောင်းတစ်ခုကတော့ ကိုယ့်အပင်လေးတွေ ဘယ်လို ရာသီမှာ ကောင်းစွာ ရှင်သန်လေ့ရှိကြလဲဆိုတာကို သိနေဖို့ပါပဲ။ အပင်တိုင်းမှာ သူတို့ရဲ့လိုအင် ၊ လိုအပ်ချက် ကိုယ်စီရှိကြတဲ့ အတွက် စိုက်ပျိုးမဲ့သူဟာ မှန်ကန်တဲ့အနေအထားကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။  

ဥပမာ – စပါး (rice) ၊ ကန်စွန်းရွက် (watercress) နဲ့မြင်းခွာရွက် (pennywort) တို့ဟာ ရန်ကုန်နဲ့အခြားစိုက်ပျိုးရေးဒေသတွေမှာ ရှိတဲ့ စိုစွတ်တဲ့ ၊ သိပ်သည်းတဲ့ ရာသီဥတုကို နှစ်သက်ကြပါတယ်။ သူတို့ဟာ ရေတစ်ပိုင်းနေတဲ့ အပင်တွေဖြစ်လို့ရွှံ့မြေ နဲ့ ရေမြုပ်တဲ့လယ်ကွင်းတွေမှာ ကောင်းကောင်းရှင်သန်နိုင်ပါတယ်။

နိုင်ငံခြားမျိုးများဖြစ်တဲ့ ဗိုလ်စား ကိုက်လံရွက် (curly kale) , ဆလပ်ရွက် (oak lettuce) နဲ့အီတလီပင်စိမ်း (Italian basil)လိုမျိုး ဟင်းသီးဟင်းရွက်တွေကတော့ အေးစက်ခြောက်သွေ့တဲ့ ဥရောပ မြေထဲပင်လယ်ဒေသတွေကနေ လာခဲ့ကြတာပါ။ အဲ့ဒီ့တော့ ဒီအပင်လေးတွေက ရှမ်းတောင်တန်းဒေသရဲ့ရာသီဥတု အနေအထားနဲ့ပိုပြီး ကိုက်ညီပါတယ်။ သူတို့လေးတွေက အော်ဂဲနစ်များဖြစ်တဲ့ မြေဆွေး ၊ နောက်ချေး စတာတွေ ပါဝင်မှုများပြီး အမြဲစိုစွတ်နေတဲ့ မြေသားမျိုးကို နှစ်သက်ကြတယ်ဆိုတော့ ဒီလို ဟင်းသီးဟင်းရွက်မျိုးတွေ စိုက်ပျိုးမယ်ဆိုရင် မြေဆွေးဖို့ပေးဖို့လိုအပ်ပါတယ်။

အခြား အသီးအနှံတွေဖြစ်တဲ့ မန်ကျည်းသီး (tamarind) ၊ ဆီးသီး (plums) ၊ဘူးသီး(gourd) ၊ခရမ်းချဉ်သီးနဲ့ပဲစတာတွေကတော့မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ ့ခြောက်သွေ ့ပြီး သဲများတဲ့ မြေဆီလွှာ မှာရှင်သန်ကြပါတယ်။ မိုးတွင်းမှာ စိုက်ပျိုးမယ်ဆိုရင်တော့ မြေကြီးထဲမှာ သိုလှောင်ထားတဲ့ မိုးရေတွေကို ဒီအပင်လေးတွေက စုပ်ယူသုံးစွဲမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်စိုက်ပျိုးမယ့်ဒေသက ဘယ်လိုရာသီဥတု ရှိတယ်ဆိုတာ နဲ့ဘယ်လို မြေဆီလွှာမျိုးဖြစ်တယ်ဆိုတာ ကိုလေ့လာရမှာပါ။ ပြီးတော့မှ ကိုယ့်စိုက်ခင်းမှာ ကောင်းမွန်စွာ ရှင်သန်နိုင်မဲ့ သီးနှံပင်များကို ရွေးချယ်စိုက်ပျိုးသင့်တာပါ။

Translated by Shweyi

#ကန်စွန်းမြို့ 


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်