ကျွန်တော်တို့ရဲ့စိုက်ခင်းလေးမှာ ငရုတ်သီးပင်လေးတွေလည်း စိုက်ဖြစ်ပြီးတော့သိပ်မကြာသေးခင်ကပဲ ငှက်လေးတွေက ကျွန်တော်တို့ရဲ့ငရုတ်နီပင်လေးတွေကိုစားနေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။ အံ့သြဖို့ကောင်းစွာပဲ ကျွန်တော်တို့သုတေသနလုပ်ကြည့်တဲ့အခါမှာ ဘာကိုတွေ့ခဲ့ရလဲဆိုတော့ ငှက်လေးတွေဟာ ငရုတ်သီးရဲ့ပူစပ်ပူလောင် အရသာကို ခံစားထိတွေ့နိုင်မှုမရှိပါဘူး။ တချို့သိပ္ပံပညာရှင်တွေကဘာပြောလဲဆိုတော့ ငှက်တွေမှာ အရသာခံဖုလေးတွေက မရှိသလောက် နည်းတာကြောင့် ငရုတ်သီးတွေထဲမှာပါတဲ့ ပူစပ်ပူလောင် ဖြစ်စေတဲ့ “ကပ်ပ်ဆိုက်ဆင်န်” ဆိုတဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးကို အရသာခံနိုင်စွမ်းမရှိပါဘူးတဲ့။

ပြီးတော့ ငှက်လေးတွေဟာ ငရုတ်သီးစားရတာကို နှစ်သက်တာမို့လို့သူတို့ဟာ ငရုတ်မျိုးစေ့တွေကို အဓိကဖြန့်ဖြူးပေးသူတွေဖြစ်ပါတယ်။ ငရုတ်ပင်လေးတွေဟာ ဉာဏ်လည်းအတော်ကောင်းပုံပါပဲ။ သူတို့အစေ့ကို ဖြန့်ဖြူးပေးမဲ့ ငှက်တွေအတွက်ကြတော့ သူ့အရသာကိုအဆင်ပြေအောင် လုပ်ထားပြီး နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ကြွက်တွေ နွားတွေ နဲ့ကျွန်တော်တို့လူသားတွေကိုတော့ နာကျင်ပူလောင်စေပါတယ်။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်