ရာသီဥတု အပြောင်းအလဲရယ် ခန့်မှန်းလို့မရတဲ့ စားသုံးသူတွေရ ဲ့ဝယ်လိုအားရယ်ကြောင့် စိုက်ပျိုးရေးသမားတွေက သူတို့ရဲ ့စိုက်ပျိုးကုန်တွေကို စုံလင်အောင် လုပ်ထားသင့်ပါတယ်။ မုန်တိုင်းတွေ ၊ လေပြင်းတွေ ၊ ပြင်းထန်တဲ့ အပူချိန်စတာတွေဟာ အပင်တွေကို ရောဂါအများအပြားဖြစ်စေပြီး အနာဂတ်မှာ ပိုးကျစေနိုင်ပါတယ်။ COVID-19 လိုမျိုး ကပ်ရောဂါဆိုးတွေကျရောက်တဲ့အချိန်ဟာ လူတွေကို အိမ်မှာ ပိုနေဖြစ်စေပြီးတော့  အချိန်တော်တော်ကြာကြာခံတဲ့ ပဲနီလေးနဲ့ကြက်သွန်စတာတွေကို ပိုပြီး စုဆောင်းဖြစ်စေပါတယ်။

ဟင်းသီးဟင်းရွက်တစ်မျိုးထဲစိုက်မယ်ဆိုရင် ဒီလိုထင်မှတ်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါကြတော့ အခက်အခဲတွေပိုပြီးရင်ဆိုင်ရပါတယ်။ မိတ်ဆွေရဲ ့စိုက်ခင်းက ကန်စွန်းရွက် တစ်မျိုးထဲစိုက်တယ်ဆိုပေမဲ့ ဈေးတွေပိတ်ထားခံရတဲ့အခါမှာ ဘယ်ဈေးသည် ဘယ်ဒိုင်ကမှ ကိုယ့်ရဲ့ဟင်းသီးဟင်းရွက်တွေကို ဝယ်ချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးမက စုံလင်အောင်စိုက်ထားတဲ့အခါမှာ ဖောက်သည် မျိုးစုံဆီကိုရောင်းလို့အဆင်ပြေပြီးတော့ အရောင်းအဝယ်တွေလဲ ရှေ့ဆက်နိုင်မှာပါ။

ပြီးတော့ ကိုယ့်လယ်ယာမှာ ဘယ်လိုဟင်းသီးဟင်းရွက်မျိုးစုံစိုက်မလဲဆိုတာ ကိုယ့်စိုက်ခင်းကဘယ်လောက်ကျယ်တယ်ဆိုတာရယ် ကိုယ်ဘယ်သူတွေကိုရောင်းချင်လဲဆိုတာရယ် ပေါ်မှာ မူတည်နေပါတယ်။ တစ်ဧက မပြည့်တပြည့် စိုက်ခင်းကိုတောင်မှ အသီးအရွက်တွေကို အမျိုးအစားစုံလင်အောင် ဖန်တီးလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

ဟင်းရွက်တွေကို နွယ်ပင်မျိုးဖြစ်တဲ့ ပဲ နဲ့ ခရမ်းချဉ်သီးပင်စတာတွေကို တစ်နေရာထဲမှာ ရောပြီးစိုက်ထားမယ်ဆိုရင် အထွက်တိုးစေမှာပါ။

ဟင်းသီးဟင်းရွက်မျိုးတစ်မျိုးထက်ပိုစိုက်ချင်တယ်ဆိုရင် ဥပမာ -ငရုတ်သီးဆိုရင်အမျိုးအစားကွဲ သုံးမျိုးလောက်ရှိပါတယ်။ အေးတဲ့ဒဏ်ကိုခံနိုင်တဲ့ ငရုတ်ပင် (chili)၊ ဆူးပုပ်ရွက် (suboteywet) ၊ ကင်မွန်းချဉ် (kimunchin) စတဲ့ အပင်လေးတွေကိုစိုက်ထားမယ်ဆိုရင် ကိုယ့်စိုက်ခင်းအတွက် ခြံစည်းရိုးတစ်ခု ထားထားတာနဲ့အတူတူပါပဲ။ဒီအပင်လေးတွေရှိတာကြောင့်ခွေးတွေနဲ့လူစိမ်းတွေရဲ့ရန်ကနေကာကွယ်ပေးပြီးသားဖြစ်ပြီး ငွေပိုငွေလျှံလေးတေလဲရလာမှာပါ။

မတူညီတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုက်ရင် ကိုယ်စိုက်လိုက်တဲ့ အပင်သစ်က ယခင်စိုက်ထားတဲ့အပင်တွေထက်ပိုပြီး အကျိုးရှိစေတာမျိုးလဲဖြစ်နိုင်ပါတယ်။ဒီလိုဆိုတော့ ကိုယ့်ရဲ ့အချိန်တွေ ပိုက်ဆံတွေအတွက် ကောင်းမွန်တဲ့ မြှုပ်နှံမှုတစ်ခုဖြစ်စေနိုင်မှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်