သဘာဝလောကကြီးထဲမှာတော့မြေဆီလွှာဆိုတာဟာသူ့အလိုလိုပြန်လည်အားပြည့်နေတဲ့ အရာမျိုးပါ။

အစေ့တွေကနေ အပင်ပေါက်လာတာနဲ့သူတို့ဟာ မြေကြီးထဲက အာဟာရတွေကိုစုပ်ယူပြီးတော့ သစ်ရွက်တွေ ၊ အမြစ်တွေ နဲ့သီးနှံတွေအဖြစ်နဲ့ဖူးပွင့်ကြပါတယ်။ အပင်တွေ သဘာဝအတိုင်းသေဆုံးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ကိုယ်ထည်တွေကဆွေးမြေ  ြ့ပိုကွဲသွားပြီး မြေဆီလွှာအတွက် အာဟာရ ပြန်ဖြစ်သွားပါတယ်။

တစ်ခါတစ်လေမှာ ဆိတ်လေးတစ်ကောင် ဒါမှမဟုတ် နွားလေးတစ်ကောင်လိုမျိုး အသီးအရွက်စားတဲ့ သတ္တဝါတစ်မျိုးမျိုးကရောက်လာပြီးတော့ အပင်တွေကိုစားပစ်တတ်ပါတယ်။ ဒါကို စားလိုက်တဲ့ သတ္တဝါလေးက အာဟာရဓာတ်တွေကို စုပ်ယူပြီး ပိုလျှံတဲ့အရာတွေကိုတော့ မစင်အဖြစ်နဲ့စွန့်ထုတ်လိုက်ပါတယ်။အဲဒီ့မှာ သူစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးက နောက်အပင်မျိုးစိတ်အတွက် အစာအာဟာရဖြစ်လာပါတော့တယ်။

စိုက်ပျိုးရေးလုပ်တဲ့ အခါမှာ ကျွန်တော်တို့က ဒီလည်ပတ်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို ဖြိုခွဲပစ်လိုက်တာနဲ့အတူတူပါပဲ။ ကျွန်တော်တို့ဟာ ဒီအပင်တွေကို စားဖို့ဆွတ်ယူ ကြ ရောင်းချကြတဲ့အခါမှာ ဒီအာဟာရတွေဟာ လယ်ယာမြေ ကနေ တော်တော်ဝေးဝေးကို ရောက်ရှိသွားပြီး အချိန်တော်တော်များများမှာ ပြန်မရောက်လာနိုင်တော့ပါဘူး။

အပင်တွေအမြောက်အမြားစိုက်ပျိုးတဲ့အခါမှာ ထောင်ပေါင်းများစွာသောအပင်တွေဟာ မရေတွက်နိုင်တဲ့ အာဟာရတွေကို မြေကြီးထဲကနေစုပ်ယူပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေဆီလွှာပေါ်မှာပဲ ဆက်ပြီးသာ စိုက်ပျိုးမယ်ဆိုရင် မြေကြီးထဲကအာဟာရတွေအားလုံး ကုန်ခမ်းသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ ့ဟင်းသီးဟင်းရွက်တွေဟာ အဝါရောင် သစ်ရွက်တွေ ၊ သေးငယ်တဲ့ အရွက်တွေ နဲ့ပိန်ပါးပါး ပင်စည်တွေအဖြစ်ပြောင်းလဲပြီး အားနည်းသွားမှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်