မြေဆီလွှာရဲ့ phက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပင်တွေက မြေကြီးထဲကနေပြီးတော့ ဘယ်လိုအာဟာရတွေကိုစုပ်ယူမလဲဆိုတာကို pH ကသက်ရောက်စေလို့ပါပဲ။ pHကိုတိုင်းတာမယ်ဆိုရင် 0.0 ကနေ 14.0 အထိရှိပြီး 0.0 ကတော့ အက်ဆစ်ဓာတ်အများဆုံးပါ။ 7.0 ဓာတ်ပြယ်နေတာ (သို့မဟုတ်) သာမန်ရေမှာရှိတဲ့ pH ပမာဏဖြစ်ပြီး 14.0ကတော့အယ်ကာလိုင်းဓာတ်အများဆုံး ဖြစ်ပါတယ်။

ကျွန်တော်တို့လိုပဲမိတ်တွေတို့လဲ pH ကဘာလဲဆိုတာသိချင်ကြမှာပါပဲ။P ဆိုတာ သင်္ချာဘာသာရပ်မှာတော့ “-log10” ကိုရည်ညွှန်းတာဖြစ်ပြီး H ကတော့ ဟိုက်ဒရိုဂျင် ဒြပ်စင်ကိုရည်ညွှန်းတာဖြစ်ပါတယ်။ သူတို့နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာ ဒီ pH = – log10[H+]  ဆိုတဲ့ ဖော်မြူလာလေးဖြစ်ပေါ်လာပါတယ်။ ဒီညီမျှခြင်းလေး ဘယ်လိုအလုပ်လုပ်သလဲဆိုတာရှင်းပြဖို့မလွယ်ပေမဲ့ တစ်နည်းပြောရရင်တော့ အဲ့ဒါက အရာဝတ္ထုတစ်ခုမှာရှိတဲ့ ဟိုက်ဒရိုဂျင်ဒြပ်စင်အတွဲလေးတွေကို တိုင်းတာတာပါပဲ။ pH ပမာဏ 5.5 ကနေ 6.5 အတွင်းရှိတဲ့ မြေဆီလွှာကတော့ အပင်တွေအတွက်အကောင်းဆုံးပါ။ ဘက်တီးရီးယားလေးတွေဟာ ဒီပမာဏပတ်ဝန်းကျင်မှာအတက်ကြွဆုံးဖြစ်ပြီး သူတို့တွေကအော်ဂဲနစ် မြေသြဇာတွေကို ကူညီဖြိုခွဲပေးမှာပါ။ပြီးတော့ သူတို့စွန့့်ထုတ်လိုက်တဲ့ နိုက်ထရိုဂျင်တွေကိုလည်း အပင်လေးတွေက စုပ်ယူနိုင်မှာပါ။ ဖော့စ်ဖောရပ်စ် ၊ ဆာလဖာ ၊ ကယ်လ်ဆီယမ် ၊ မဂ္ဂနီဆီယမ် ၊ နဲ့သံဓာတ်စတဲ့ အာဟာရနဲ့သတ္တုဓာတ်တွေဟာဆိုရင်လည်း ဒီလောက် pH ပမာဏရှိတဲ့ မြေဆီလွှာတွေမှာရှိနိုင်ပါတယ်။            

မြေသားရဲ့ပမာဏက 5.0 ထက်လျော့နည်းသွားတယ်ဆိုရင်တော့ အာဟာရတွေကမြေသားထဲကနေ မြန်မြန်ဆန်ဆန်ပဲစိမ့်ထွက်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့မြေကြီးထဲက အလူမီနီယမ်ဓာတ်ဟာ အပင်တွေအတွက်အဆိပ်ရှိလာနိုင်ချေများပြီးတော့ အပင်တွေသေတဲ့အထိဖြစ်စေနိုင်တာပါ။ pHဟာမြေဆီလွှာထဲကအာဟာရပါဝင်မှုအပေါ်ကိုသက်ရောက်နိုင်ရုံတင်မကပဲ မြေသားဖွဲ့စည်းပုံကိုပါပြောင်းလဲစေနိုင်ပါတယ်။ ရွှံ့မြေတွေမှာတော့ pH 5.5 ကနေ 7.0 အထိရှိပြီး လျော့တိလျော့ရဲနိုင်ကာ ကြမ်းလဲကြမ်းတမ်းတဲ့အတွက် မြေထွန်ရတာလွယ်ကူပါတယ်။ဒါပေမဲ့ မြေသားကအယ်လ်ကာလိုင်းဓာတ်အရမ်းများလာမယ်ဆိုရင်တော့ မြေသားကစေးကပ်ပြီးမာကျောနေမှာပါ။ ဒီလိုမြေသားတွေကိုပြုပြင်ဖို့ဆိုရင် စိုက်ပျိုးရေးသမားတွေကများသောအားဖြင့် ထုံး (ဒါမှမဟုတ်) ဆာလ်ဖာကိုသုံးကြပါတယ်။ ထုံးကPhကိုမြှင့်တင်ပေးပြီး မြေသားကို အယ်ကာလိုင်းဓာတ်တွေတိုးစေ(ချိုစေ)ပါတယ်။ဆာလ်ဖာကတော့ pHကိုနည်းစေပြီး မြေသားကိုအက်စစ်ဓာတ်များစေ (ချဉ်စေ)ပါတယ်။ တကယ်လို့မိတ်ဆွေဟာ ကိုယ့်မြေလွှာရဲ့pH Levelကိုတိုးချင်(ဒါမှမဟုတ်) လျှော့ချင်တယ်ဆိုရင်တော့ တစ်နှစ်၊နှစ်နှစ်လောက်အချိန်ယူပြီးဖြည်းဖြည်းချင်းလုပ်တာပိုကောင်းပါတယ်။

တစ်ထိုင်တည်းနဲ့ ထုံးနဲ့ဆာလ်ဖာတွေအလွန်အကျွံသုံးလိုက်မယ်ဆိုရင် pH level ကအတော်မမျှမတဖြစ်သွားပြီးပိုတောင်ဆိုးစေမှာပါ။ထုံးနဲ့ဆာလ်ဖာစတာတွေကိုသုံးမဲ့အစားအော်ဂဲနစ်မြေဆွေးလေးကိုသာပုံထားပေးလိုက်ပါ။ မြေဆွေးကတော့ မြေဆီလွှာကိုမျှတစေတဲ့အရာဖြစ်ပြီး တဖြည်းဖြည်းနဲ့မြေကြီးရဲ့pH levelကို 6.5 ဖြစ်သွားအောင် စွမ်းဆောင်ပေးမှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်