သက်ရှိတွေနဲ့အလုပ်လုပ်ရတာ တကယ့်ကို ကမောက်ကမဖြစ်စေမဲ့ အခြေအနေတွေနဲ့ကြုံရနိုင်ပါတယ်။ အရင်လေးရက်လောက်ကမှ အဆင်သင့်လေး ခူးမလို့လုပ်ထားတဲ့ လှလှပပ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေဟာ သိပ်မကြာခင်ပဲခေါင်းမာတဲ့ အဖျက်ပိုးတွေ ဖျက်စီးတာလည်းခံရနိုင်ပါတယ်။ ရုတ်တရတ်ပေါ်လာတဲ့ မိုးကြိုးမုန်တိုင်းကြောင့် စိုက်ခင်းတစ်ဝက်လောက်ရေမြုပ်သွားပြီး ကိုယ့်အသီးအရွက်တွေက အမြစ်ကပါ ရိရွဲပြီး သေတော့မလိုဖြစ်တာနဲ့လည်း ကြုံရမှာပါ။

လယ်သမားတွေအတွက် မရေရာမသေချာမှုက ပုံမှန်ပါပဲ။ ကျွန်တော်တို့ရဲ ့တာဝန်ကတော့ ကိုယ်သိထားတဲ့ နည်းလမ်းတွေနဲ့ကိုယ့်ရဲ ့ဟင်းသီးဟင်းရွက်တွေကို အကောင်းဆုံးစီမံပြီးရောင်းချနိုင်ဖို့ပါပဲ။ ဒါပေမဲ့လည်း အချိန်နဲ့အမျှ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကိုရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ဟာ သဘာဝတရားကိုကြိုတင်တွက်ဆထားလို့ မရပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကနေသင်ယူလေ့လာမှ မမျှော်လင့်ထားတဲ့ အရာတွေကို နောက်တစ်ကြိမ်မှာ ပိုပြီးကောင်းကောင်းရင်ဆိုင်နိုင်မှာပါ။

(Translated by Shweyi)


0 Comments

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်